လာရှိုးမြို့ရှိဘဏ်များကို တစ်နေ့လျှင် သုံးနာရီသာ ဖွင့်လှစ်ပေးနိုင်ဟု ကုလသမဂ္ဂအဖွဲ့ပြော
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၁၂
လာရှိုးမြို့ရှိ CB ဘဏ်တွင် နိုဝင်ဘာလ ၆ ရက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှထောင်ထားသည်ဟုယူဆရသော ဗုံးပေါက်ကွဲခဲ့ရာ မြို့အတွင်းရှိဘဏ်အားလုံး တစ်နေ့လျှင် သုံးနာရီသာဖွင့်လှစ်ပေးနိုင်တော့ရာ ဒေသအတွင်းငွေသားရရှိနိုင်မှု သိသာစွာလျော့နည်းကျဆင်းသွားခဲ့ကြောင်း ကုလသမဂ္ဂအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
မိုဘိုင်းငွေကြေးဝန်ဆောင်မှုတစ်ခုဖြစ်သော KBZ PAY သည်လက်ရှိတွင် ငွေကြေးဝန်ဆောင်မှုများကို အကန့်သတ်ဖြင့်ပေးနေပြီး အခြေခံစားသောက်ကုန်ဈေးနှုန်းများမြင့်တက်နေကြောင်း ကုလသမဂ္ဂအဖွဲ့ကဆိုသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းမြို့နယ်များတွင် အောက်တိုဘာလ ၂၇ ရက်မှစတင်ပြီး တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ သုံးဖွဲ့ နှင့် မြန်မာတပ်မတော်ကြားတိုက်ပွဲများဖြစ်ပွားလာခဲ့ရာ လာရှိုးမြို့ကို ဦးတည်သောအဓိကလမ်းမကြီးများကို ပိတ်ဆို့ထားခြင်းကြောင့် မရှိမဖြစ်လိုအပ်သော လူသုံးကုန် ပစ္စည်းများပြတ်တောက်နေပြီး ဈေးနှုန်းမြင့်မားခြင်းများဖြစ်ပေါ်လျက်ရှိနေကြောင်း၊ လာရှိုး-မူဆယ် အဝေးပြေးလမ်းမကြီးများအပါအဝင် အဓိကသယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ ဖြတ်တောက်ခံထားရသဖြင့် ကျန်းမာရေးစောင့်ရှောက်မှုရယူရန် အခက်ခဲဖြစ်စေခဲ့ကြောင်း ကုလသမဂ္ဂအဖွဲ့ကပြောသည်။
လာရှိုးမြု့အပြင်ဘက်တွင် ဖုန်းလိုင်းနှင့်အင်တာနက်ဝန်ဆောင်မှုများ ပြတ်တောက်နေပြီး လာရှိုးမြို့ ရှိအဓိကလေဆိပ်ပိတ်ထားခြင်းကြောင့် သွားလာလှုပ်ရှားမှုများ၊ ဆက်သွယ်ရေး နှင့် လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရန် နှောင့်နှေးစေခဲ့ကြောင်း ကုလသမဂ္ဂအဖွဲ့ကဆိုသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံကြား ကုန်သွယ်ရေးကဏ္ဍ၌ တာကာ/ကျပ် တို့ဖြင့် တိုက်ရိုက်ငွေပေးချေနိုင်ရေး ဆွေးနွေး
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း