အမေရိကန်ရဲ့အကူအညီမရဘူးဆိုရင်လည်း ရုရှားနိုင်ငံကို တိုက်ခိုက်နေခြင်းအား ရပ်တန့်မှာမဟုတ်ကြောင်း ယူကရိန်းသမ္မတပြော
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၁၁
ယူကရိန်းအနေနဲ့ အမေရိကန်အစိုးရရဲ့ အကူအညီမရဘူးဆိုရင်လည်း သိမ်းပိုက်ခံထားရတဲ့နယ်မြေတွေကို ပြန်လည်ရယူနိုင်ချိန်အထိ တိုက်ခိုက်သွားမှာဖြစ်ကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ယူကရိန်းသမ္မတက အမေရိကန်အစိုးရဟာ ယူကရိန်းနိုင်ငံကို စစ်ရေးနဲ့ ဘဏ္ဍာရေးအကူအညီမပေးတော့ဘူးဆိုရင်လည်း ရုရှားနိုင်ငံကို ဆက်လက်တိုက်ခိုက်သွားမှာဖြစ်ကြောင်းပြောပါတယ်။ အမေရိကန်နိုင်ငံမှာလာမယ့် ၂၀၂၄ ခုနှစ်အတွင်း သမ္မတဟောင်းဒေါ်နယ်ထရမ့် တစ်ကျော့ပြန်သမ္မတဖြစ်လာချိန်မှာ ယူကရိန်းနိုင်ငံအပေါ်ထားရှိတဲ့မူဝါဒတွေ အပြောင်းအလဲဖြစ်သွားမှာကို စိုးရိမ်မိသလားဆိုတဲ့ မေးခွန်းကို ယူကရိန်းသမ္မတ တုံ့ပြန်ဖြေဆိုသွားခဲ့တာဖြစ်ပါတယ်။
ဒေါ်နယ်ထရမ့်က ၎င်းသာ အမေရိကန်သမ္မတအဖြစ် တာဝန်ယူခွင့်ရမယ်ဆိုရင် ယူကရိန်းစစ်ပွဲကို ၂၄ နာရီအတွင်း ပြီးဆုံးအောင်လုပ်ဆောင်သွားမယ်လို့ ထုတ်ဖော်ပြောဆိုထားဖူးပါတယ်။ ယူကရိန်းသမ္မတက "ကျွန်တော်တို့ကိုကူညီပေးနေတဲ့ အမေရိကန်နိုင်ငံရဲ့အကူအညီတွေမရတော့ဘူးဆိုရင်လည်း ရုရှားနိုင်ငံကိုတိုက်ခိုက်မှုရပ်တန့်မှာ မဟုတ်ဘူး။ စစ်ပွဲရပ်ဖို့တစ်ခုတည်းသော နည်းလမ်းက ရုရှားတပ်ဖွဲ့တွေဟာ သိမ်းပိုက်ထားတဲ့နယ်မြေတွေကနေပြန်ရုတ်သိမ်းသွားဖို့ပါ။ ကျွန်တော်တို့ ပိုင်နက်တွေထဲကနေ ရုရှားစစ်သားတွေ ပြန်ထွက်သွားချိန်အထိ တိုက်ခိုက်သွားမှာဖြစ်ပါတယ်"လို့ ပြောပါတယ်။
အမေရိကန်သမ္မတဟာ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ထိခိုက်ပျက်စီးမှု၊ ရလဒ်နဲ့ စိန်ခေါ်မှုအားလုံးကိုအတိကျသိရှိမယ်ဆိုရင် ယူကရိန်းကိုကူညီပေးမယ်လို့ ယုံကြည်ထားကြောင်းပြောပါတယ်။ ယူကရိန်းသမ္မတဟာ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို ပြီးခဲ့တဲ့ရက်ပိုင်းက ဖိတ်ခေါ်ခဲ့ပေမယ့် ဒေါ်နယ်ထရမ့်က ငြင်းဆန်ခဲ့ကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လွိုင်ကော်မြို့နှင့်အနီးတစ်ဝိုက်တွင် တပ်မတော် နှင့် KNDF ပူးပေါင်းအဖွဲ့များကြား တိုက်ပွဲဖြစ်ပွား
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း