လွိုင်ကော်မြို့နှင့်အနီးတစ်ဝိုက်တွင် တပ်မတော် နှင့် KNDF ပူးပေါင်းအဖွဲ့များကြား တိုက်ပွဲဖြစ်ပွား
မြူနစ် (NSS) - နိုဝင်ဘာ ၁၁
ကယားပြည်နယ်၊ လွိုင်ကော်မြို့နှင့်အနီးတစ်ဝိုက်တွင် တပ်မတော်နှင့် KNDF ပူးပေါင်းအဖွဲ့များကြား ထိတွေ့တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း သတင်းရရှိသည်။
KNDF ပူးပေါင်းအဖွဲ့များသည် ယနေ့(နိုဝင်ဘာလ ၁၁ ရက်) နံနက်ပိုင်းတွင် လွိုင်ကော်မြို့အပြင်ရှိ လုံခြုံရေးစခန်းများကို အင်အားအများအပြားဖြင့် လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“တိုက်ပွဲကတော့ လွိုင်ကော်မြို့ ပတ်ပတ်လည်မှာဖြစ်တာပေါ့။ မြို့အဝင်၊ အထွက်တွေမှာ ဖြစ်တာပါ။ တိုက်ပွဲကတော့ မြို့ထဲကို ရောက်မလာသေးပါဘူး။ မြို့အဝင်၊ အထွက်မှာပဲ ဖြစ်တာပါ။ ဒါပေမယ့် အခုချိန်(မနက် ၁၁ နာရီဝန်းကျင်)မှာတော့ ပစ်ခတ်သံတွေ ရပ်နေတယ်” ဟု လွိုင်ကော်မြို့ခံတစ်ဦးက NSS ကို ပြောသည်။
ကယားပြည်နယ်ရှိ လွိုင်ကော်-ဒီးမော့ဆို၊ လွိုင်ကော်-မိုးဗြဲ၊ လွိုင်ကော်-ဆီဆိုင်လမ်းမကြီးများကို အသုံးပြုသွားလာခြင်း မပြုလုပ်ကြရန် KNDF အဖွဲ့က အသိပေးထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။
အဆိုပါလမ်းပိုင်းများတွင် ယနေ့(နိုဝင်ဘာလ ၁၁ ရက်)မှစ၍ တပ်မတော်နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုများအကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်ဟုလည်း KNDF က ပြောသည်။
ပြီးခဲ့သော ရက်ပိုင်းအတွင်း၌ လွိုင်ကော်မြို့ခံပြည်သူအချို့သည် မြို့ပေါ်၌ တိုက်ပွဲများဖြစ်ပွားလာမည်ကို စိုးရိမ်သည့်အတွက် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ဘက်သို့ လာရောက်ကာ ကြိုတင်တိမ်းရှောင်မှုများရှိခဲ့ကြောင်း သိရသည်။
MNDAA ဦးဆောင်မဟာမိတ်(၃)ဖွဲ့သည် အောက်တိုဘာလ ၂၇ ရက်မှစတင်ကာ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းရှိ လုံခြုံရေးစခန်းများကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်လျက်ရှိသည်။
ထို့အတူ KIA၊ PDF ပူးပေါင်းအဖွဲ့များသည်လည်း စစ်ကိုင်းတိုင်းအတွင်းရှိ ကောလင်းမြို့၊ တမူးမြို့ နှင့် ထီးချိုင့်မြို့တစ်ဝိုက်တွင် တိုက်ပွဲများ ဖော်ဆောင်လျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Tiktok ဗီဒီယိုထဲမှာ အိမ်မွေးခွေးကို တုတ်နဲ့ခြိမ်းခြောက်နေတဲ့ စင်ကာပူမှ အမျိုးသမီး အရေးယူခံရနိုင်
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ