လားရှိုးမြို့၌ အသက်တစ်နှစ်ခွဲ ကလေးငယ်တစ်ဦး ကားတိုက်ခံရ၍ သေဆုံး
စော (NSS) - နိုဝင်ဘာ ၁ဝ
ရှမ်းပြည်နယ်၊ လားရှိုးမြို့၌ အသက်တစ်နှစ်ခွဲကလေးငယ်တစ်ဦး ကားတိုက်ခံရ၍ သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(နိုဝင်ဘာ ၉ ရက်)တွင် ညနေ (၄)နာရီအချိန်တွင် လားရှိုးမြို့၊ (၅၊ ၆၊ ၇) အဝင်လမ်းထိပ်၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း လားရှိုးလူငယ်များလူမှုကူညီရေးအသင်းထံမှ သိရသည်။
“CCTV မှတ်တမ်းမှာ ကလေးက လမ်းမှာ ရပ်နေတာ မောင်းလာတဲ့ကားက အမြင့်ကြီး။ FORD ကား အမျိုးအစားပေါ့ တော်တော်မြင့်တယ်။ ကျွန်တော်ထင်တာတော့ ကွေ့ဝင်လာတဲ့အချိန်မှာ ယာဉ်မောင်းက ကလေးကို မမြင်လိုက် တာနေမယ်။ ကလေးကလည်း အောက်ထဲဝင်ပြီး ကြိတ်မိသွားတာနေမယ်” ဟု လားရှိုးမြို့ခံတစ်ဦးက NP News ကို ပြောသည်။
အဆိုပါကလေးငယ်သည် အသက် (၁)နှစ်ခွဲအရွယ်ရှိ မိန်းကလေးငယ်တစ်ဦးဖြစ်ပြီး ဦးခေါင်းပွင့်ထွက်ကာ အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားကြောင်း သိရသည်။
“မိလောက်မယ် ထင်တယ်။ VIDEO ကလည်း လိုင်းပေါ်မှာ ပျံ့နှံ့နေပြီလေ။ မနေ့က ညနေကတော့ ယာဉ်ပိုင်ရှင်က ရုံးကိုလာပြီး ဖြေရှင်းတယ်လို့ကြားတယ်။ မောင်းတဲ့လူက အခြားလူမောင်းတာလို့ သိရတယ်” ဟု ၎င်းက ဆက်လက်ပြောထားသည်။
ကလေးငယ်၏ ရုပ်အလောင်းအား လားရှိုးပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Gas အိုးပေါက်ကွဲ၍ မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားတစ်ဦး သေဆုံး
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
22 Nov 2024 | မှုခင်း,ပြည်တွင်း