ရဟန်းခံရှင်ပြုပွဲ ပြုလုပ်သည့် နေအိမ်သို့ ရောက်ရှိနေသော အုပ်ချုပ်ရေးမှူးနှင့်ရာအိမ်မှူး သေနတ်ဖြင့် ပစ်သတ်ခံရမှု တွံတေးမြို့နယ်၌ ဖြစ်ပွား
NP News - မတ် ၄
ရဟန်းခံရှင်ပြုပွဲ ပြုလုပ်သည့် နေအိမ်သို့ ရောက်ရှိနေသော အုပ်ချုပ်ရေးမှူးနှင့်ရာအိမ်မှူး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ မတ်လ ၃ ရက်၊ ညပိုင်းတွင် ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ ပေါက်ကုန်းကျေးရွာရှိ ရဟန်းခံရှင် ပြုပွဲပြုလုပ်သည့် နေအိမ်၌ ဖြစ်ပွားခဲ့ကြောင်း အခင်းဖြစ်ပွားရာနေရာရှိ သတင်းအရင်းအမြစ်က NP News ကိုပြောသည်။
အဆိုပါနေအိမ်၌ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများသည် စုပေါင်းဝိုင်းဖွဲ့ကာ စကားပြောဆိုနေစဉ်အချိန်တွင် အမျိုးသား(၂) ဦး ရောက်ရှိလာကာ သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ထိုသို့ပစ်ခတ်ခံရမှုကြောင့် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးဖြစ်သူတို့မှာ ကျည်ဖောက်ဝင်ဒဏ်ရာများရရှိခဲ့ပြီး နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
zawgyi version
ရဟန္းခံရွင္ျပဳပြဲ ျပဳလုပ္သည့္ ေနအိမ္သို႔ ေရာက္ရွိေနေသာ အုပ္ခ်ဳပ္ေရးမႉးႏွင့္ရာအိမ္မႉး ေသနတ္ျဖင့္ ပစ္သတ္ခံရမႈ တြံေတးၿမိဳ႕နယ္၌ ျဖစ္ပြား
NP News - မတ္ ၄
ရဟန္းခံရွင္ျပဳပြဲ ျပဳလုပ္သည့္ ေနအိမ္သို႔ ေရာက္ရွိေနေသာ အုပ္ခ်ဳပ္ေရးမႉးႏွင့္ရာအိမ္မႉး ေသနတ္ျဖင့္ ပစ္သတ္ခံခဲ့ရေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ မတ္လ ၃ ရက္၊ ညပိုင္းတြင္ ရန္ကုန္တိုင္း၊ တြံေတးၿမိဳ႕နယ္၊ ေပါက္ကုန္းေက်း႐ြာရွိ ရဟန္းခံရွင္ ျပဳပြဲျပဳလုပ္သည့္ ေနအိမ္၌ ျဖစ္ပြားခဲ့ေၾကာင္း အခင္းျဖစ္ပြားရာေနရာရွိ သတင္းအရင္းအျမစ္က NP News ကိုေျပာသည္။
အဆိုပါေနအိမ္၌ အုပ္ခ်ဳပ္ေရးမႉးႏွင့္ ရာအိမ္မႉးမ်ားသည္ စုေပါင္းဝိုင္းဖြဲ႕ကာ စကားေျပာဆိုေနစဥ္အခ်ိန္တြင္ အမ်ိဳးသား(၂) ဦး ေရာက္ရွိလာကာ ေသနတ္ျဖင့္ ပစ္ခတ္သြားခဲ့ျခင္းျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာသည္။
ထိုသို႔ပစ္ခတ္ခံရမႈေၾကာင့္ အုပ္ခ်ဳပ္ေရးမႉးႏွင့္ ရာအိမ္မႉးျဖစ္သူတို႔မွာ က်ည္ေဖာက္ဝင္ဒဏ္ရာမ်ားရရွိခဲ့ၿပီး ေနရာတြင္ပင္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံ၏ ပထမဆုံး EV Charging Station ကို နေပြည်တော်၌ စတင်ဖွင့်လှစ်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း