ရန်ကုန်မြို့မှ မြဝတီမြို့သို့ မောင်းနှင်လာသည့် Express ကားတစ်စီး အာရှလမ်းပေါ်၌ မီးလောင်မှုဖြစ်ပွား
စော (NSS) - နိုဝင်ဘာ ၇
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အာရှလမ်းပေါ်၌ ရန်ကုန်မြို့မှ မြဝတီမြို့သို့ မောင်းနှင်လာသည့် Express ကားတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့(နိုဝင်ဘာလ ၇ ရက်)၊ နံနက် (၁၀)နာရီဝန်းကျင်အချိန်တွင် ကော့ကရိတ်မြို့နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်း(တောင်ပေါ်လမ်းသစ်)၊ ရင်ကွဲတောင်အဆင်း၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သင်္ဃန်းညီနောင်မြို့သစ်လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။
အဆိုပါ Express ကားသည် အောင်ကျော်ဇော်ခရီးသည်တင်ယာဉ်လိုင်းဖြစ်ပြီး ရန်ကုန်မြို့မှ မြဝတီမြို့သို့ မောင်းနှင်လာစဉ် ရင်ကွဲတောင်အဆင်းအရောက်၌ မီးစလောင်ခြင်းဖြစ်ကြောင်း သိရသည်။
“ကားက ခေါင်းခန်းကစလောင်တာဆိုတော့ ဝါယာလိုင်းဖြစ်မယ် ထင်တယ်။ ကျွန်တော်တို့ရောက်တော့ ကားကအလယ်တစ်ဝက်လောက် လောင်နေပြီ။ ထိခိုက်ဒဏ်ရာရရှိတဲ့လူမရှိပါဘူး"ဟု သင်္ဃန်းညီနောင်မြို့သစ်လူမှုကယ်ဆယ်ရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
၎င်းခရီးသည်တင်ကားပေါ်တွင် လူ(၁၀)ဦး လိုက်ပါစီးနင်းလာပြီး မီးလောင်မှုဖြစ်စဉ်ကြောင့် ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန် လက်နက်ကောင်းပေးလို့ စစ်ပွဲတိုင်း အစ္စရေး အနိုင်ရသလား (ဘာသာပြန်ဆောင်းပါး)
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း