ပြင်သစ်နိုင်ငံတွင် တစ်လအတွင်း ဂျူးဆန့်ကျင်ရေးဖြစ်ရပ်(၁ဝ၄ဝ)ကျော် ရှိခဲ့ဟု ပြင်သစ်အစိုးရပြော
Pika (NSS) - နိုဝင်ဘာ ၇
ပြင်သစ်နိုင်ငံတွင် အစ္စရေးနှင့်ဟားမက်စစ်ပွဲစတင်ဖြစ်ပွားခဲ့သည့် အောက်တိုဘာလ(၇)ရက် နောက်ပိုင်းတည်းက ဂျူးဆန့်ကျင်ရေးဖြစ်ရပ် (၁)ထောင်ကျော်ရှိခဲ့ကြောင်း ပြင်သစ်ပြည်ထဲရေးဝန်ကြီး Gerald Darmanin က ထုတ်ဖော်ပြောခဲ့သည်။
၎င်းက "ဂျူးဆန့်ကျင်ရေးဖြစ်ရပ်တွေဟာ ပိုမိုများပြားလာပါပြီ။ အဲဒီလုပ်ရပ်တွေနဲ့ပတ်သက်ပြီး နိုင်ငံခြား(၁ဝ၂) ဦး အပါအဝင် လူပေါင်း(၄၈၆)ဦးကို ဖမ်းဆီးခဲ့ပါတယ်" ဟု ပြောခဲ့သည်။
ပဲရစ်မြို့တစ်မြို့ထဲတွင် ဂျူးဆန့်ကျင်ရေးဖြစ်ရပ်(၂၅၇)ခုရှိပြီး လူ(၉ဝ)ဦးကို ဖမ်းဆီးခဲ့ကြောင်း ပဲရစ်မြို့ ရဲမှူးချုပ် Laurent Nunez က ပြောကြားခဲ့သည်။ ပဲရစ်မြို့ အစိုးရရှေ့နေများသည် ဂျူးလူမျိုးများ ခြိမ်းခြောက်ခံနေရ ခြင်းနှင့်ပတ်သက်ပြီး ပြီးခဲ့သည့်သီတင်းပတ်မှစတင်ပြီး မြို့အနီးတစ်ဝိုက် နှင့် ဆင်ခြေဖုံးရပ်ကွက်များတွင် စုံစမ်း စစ်ဆေးမှုများကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ထို့အပြင် လိုင်ယွန်မြို့တွင် ငယ်ရွယ်သော ဂျူးအမျိုးသမီးတစ်ဦးကို ဓါးဖြင့်ထိုးခဲ့သောအမှုသည် ဂျူးဆန့်ကျင်ရေး ဖြစ်ရပ်များနှင့်ဆက်နွယ်နေပုံပေါ်ကြောင်း အစိုးရရှေ့နေများက ပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့သည် အဆိုပါ တိုက်ခိုက်မှုကို လူသတ်ရန်ကြိုးပမ်းမှုအဖြစ် သတ်မှတ်ခဲ့ကာ စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်နေ ကြောင်း သိရသည်။
အဆိုပါအမျိုးသမီး၏ အသက်အန္တရာယ်မှာ ဘေးကင်းသွားပြီဖြစ်သော်လည်း လက်ရှိအချိန်အထိ တိုက်ခိုက်ခဲ့သူကို ဖမ်းဆီးရမိခြင်းမျိုးမရှိသေးကြောင်း သိရသည်။ ပြင်သစ်နိုင်ငံတွင် ဂျူးလူမျိုး(၅)သိန်းကျော်ရှိပြီး အစ္စရေးနှင့် အမေရိကန်တို့ပြီးလျှင် ဂျူးလူမျိုးများနေထိုင်ရာ တတိယမြောက်အကြီးဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၈)ခုမှ မတည်ရင်းနှီးငွေရင်းများ တိုးမြှင့်
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း