ဂါဇာဒေသကိုတိုက်ခိုက်မှုများကို ရပ်နားထားရန် အာရပ်နိုင်ငံများ၏ တောင်းဆိုချက်ကို အမေရိကန်အစိုးရ ငြင်းဆန်ပယ်ချ
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၅
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလီကန်က ဂါဇာဒေသအပေါ် တိုက်ခိုက်မှုများ ယာယီရပ်နားထားမည်ဆိုလျှင် အစ္စရေးနိုင်ငံကိုအောက်တိုဘာ ၇ရက်နေ့ကလိုမျိုး ထပ်မံတိုက်ခိုက်နိုင်ရန်အတွက် ဟားမက်စ်လက်နက် ကိုင်အဖွဲ့များကို ပြန်လည်စုဖွဲ့နိုင်ရန်အခွင့်အရေးပေးသလိုမျိုးဖြစ်လာနိုင်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသည် ပြီးခဲ့သောရက်ပိုင်းက ဂျော်ဒန်နိုင်ငံတွင် အာရပ်နိုင်ငံများ၏ နိုင်ငံခြားရေး ဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အာရပ်ဒေသခေါင်းဆောင်များသည် ဂါဇာဒေသကိုတိုက်ခိုက်မှုများ ယာယီအပစ်ခတ်ရပ်စဲထားရန် တောင်းဆိုခဲ့သလို အစ္စရေး၏တိုက်ခိုက်မှုကြောင့် အရပ်သားထောင်ချီသေဆုံးရခြင်းသည် မိမိကို့ကိုယ်ကိုယ်ကာကွယ်ခွင့်နှင့် ပတ်သက်ပြီး တရားမျှတမှုမရှိကြောင်း ဝေဖန်ပြစ်တင်ထားသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး က "ဟားမက်စ်အဖွဲ့ဟာ ဂါဇာဒေသမှာ မရှိတော့ဘူးဆိုရင် အပစ်ခတ်ရပ်စဲရေး ဖြစ်လာနိုင်ပါတယ်။ အပစ်ခတ်ရပ်စဲရေးကို လက်ရှိအချိန်မှာ လုပ်ဆောင်မယ်ဆိုရင် အစ္စရေးနိုင်ငံကို ထပ်မံ တိုက်ခိုက်ဖို့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကို ပြန်လည်စုဖွဲ့ခွင့်ပေးလိုက်သလိုမျိုးဖြစ်လာနိုင်တယ်။ ဒီလိုမျိုးဖြစ် လာမှာကို လက်မခံနိုင်ဘူး။ အစ္စရေးနိုင်ငံဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခွင့် အခွင့်အရေးရှိဖို့ အလွန်အရေးကြီးပါ တယ်" ဟု ပြောသည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဂူတာရက်စ် အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများက ဂါဇာဒေသကို တိုက်ခိုက်နေ သည့် အစ္စရေး၏ တိုက်ခိုက်မှုများ ရပ်တန့်ထားရန် တိုက်တွန်းတောင်းဆိုနေဆဲဖြစ်သည်။ သို့သော်လည်း အစ္စရေး နှင့် အမေရိကန်နိုင်ငံတို့က အပစ်ခတ်ရပ်စဲရေးတောင်းဆိုချက်များကို ငြင်းဆန်ပယ်ချထားကြောင်း သိရသည်။
ဂါဇာဒေသကို အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် အောက်တိုဘာ ၇ ရက်မှ လက်ရှိအချိန်အထိ ကလေးငယ် ၃ဝဝဝ ကျော် အပါအဝင် ပါလက်စတိုင်းလူမျိုး အနည်းဆုံး လူပေါင်း ၉ဝဝဝ ကျော် သေဆုံးထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အဘ ကိုယ်တိုင်လည်း "ပြည်တွင်းစစ်ရဲ့သားကောင်" ဖြစ်ခဲ့တယ် - ဦးအောင်ခမ်းထီ(ပအိုဝ် တိုင်းရင်းသားခေါင်းဆောင်)
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း