Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Nov 2 / 2:45 PM)

ဂျန်ဇက် (NSS) - ‌နိုဝင်ဘာ ၂

လက်ဘနွန်လက်နက်ကိုင်အဖွဲ့ ဟစ်ဘိုလာအုပ်စုက ၎င်းတို့ဟာ လက်ဘနွန်တောင်ပိုင်းကို ပျံသန်းလာတဲ့ အစ္စရေးနိုင်ငံရဲ့ ဒရုန်းကို မြေပြင်ကနေ ဝေဟင်ပစ်ဒုံးကျည်တွေနဲ့ ပစ်ချနိုင်ခဲ့ကြောင်းဆိုပါတယ်။ ဟစ်ဘိုလာအုပ်စုတွေဟာ အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ ကြားစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်းကတည်းက အစ္စရေးနိုင်ငံဘက်ခြမ်းကို ရော့ကတ်ဒုံးကျည်တွေနဲ့ပစ်ခတ်ခဲ့ပြီး အစ္စရေးကလည်း ဟစ်ဘိုလာအုပ်စုတွေကို ပြန်လည်ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ 


ဂါဇာကမ်းမြောင်ရှိ ပါလက်စတိုင်းကလေးငယ်ပေါင်း တစ်ထောင်ကျော်ဟာ ယူအေအီးနိုင်ငံရှိ ဆေးရုံတွေမှာ ကုသမှုတွေခံယူနေရကြောင်း သိရပါတယ်။ ကလေးငယ်တွေနဲ့အတူမိသားစုတွေလည်း ယူအေအီးနိုင်ငံကို အတူရောက်ရှိလာခဲ့ပြီး ကလေးငယ်တွေ ဆေးဝါးကုသပြီးချိန်မှသာ ဂါဇာဒေသကို ပြန်ဖွယ်ရှိနေကြောင်းသိရပါတယ်။ 

အာဂျင်တီးနားနိုင်ငံဟာ ဂါဇာကမ်းမြောင်ဒေသရှိ ဒုက္ခသည်စခန်းတွေကို တိုက်ခိုက်မှုနဲ့ပတ် သက်ပြီး အစ္စရေးနိုင်ငံကို ပြစ်တင်ရှုတ်ချခဲ့ကြောင်းသိရပါတယ်။ အစ္စရေးနိုင်ငံဟာ နိုင်ငံတ ကာ ဥပဒေတွေကိုလိုက်နာခြင်းမျိုးမရှိကြောင်း၊ အာဂျင်တီးနား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့အနေနဲ့လည်း ဖမ်းဆီးထားသူများကို အမြန်ဆုံးပြန်လွှတ်ပေးစေလိုကြောင်းပြောပါတယ်။ အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားခဲ့တဲ့တိုက်ပွဲများကြောင့် သေဆုံးသူအများဆုံး နိုင်ငံခြားသားများထဲတွင် အာဂျင်တီးနား နိုင်ငံသားများအများဆုံး ပါဝင်နေကြောင်းသိရပါတယ်။ 

အမေရိကန်အစိုးရဟာ ဂါဇာဒေသရဲ့အနာဂတ်အုပ်ချုပ်ရေးအဖွဲ့တွေမှာ ဟားမက်စ်လက် နက်ကိုင်အဖွဲ့ကို ပါဝင်ခွင့်ပေးရမယ်ဆိုတဲ့အချက်ကို ငြင်းဆန်ပယ်ချလိုက်ကြောင်းသိရပါတယ်။ အစ္စရေးနဲ့ ဟားမက်စ်အဖွဲ့ကြားဖြစ်ပွားနေတဲ့ စစ်ပွဲပြီးဆုံးသွားချိန်မှာ ဟားမက်စ်အဖွဲ့ဟာ ဂါဇာကမ်းမြောင်ဒေသ အနာဂတ်အုပ်ချုပ်ရေးအဖွဲ့မှာ ပါဝင်လာဖွယ်ရှိတယ်လို့ ထင်ကြေးပေးမှုတွေရှိနေခဲ့ပါတယ်။

အမေရိကန်စစ်သားတွေကို ဂါဇာဒေသကို ဖြန့်ကြတ်ချထားမှာမဟုတ်ကြောင်း အမေရိကန်အစိုးရတာဝန်ရှိသူများက ထပ်မံပြောဆိုလိုက်ပါတယ်။ အမေရိကန်တပ်ဖွဲ့ဝင်တွေကို အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့များကြား စစ်ပွဲဖြစ်ပွားနေတဲ့ ဂါဇာဒေသ ငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းရေးမစ်ရှင်များလုပ်ကိုင်ဖို့ စေလွှတ်ဖွယ်ရှိနေကြောင်း အစောပိုင်းက သတင်းများထွက်ပေါ်ခဲ့ပါတယ်။ 

အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ  ဂျွန်ကာဘိုင်က "ဂါဇာဒေသ စစ်မြေပြင်ကို အမေရိကန်တပ်ဖွဲ့ဝင်တွေ စေလွှတ်မှာမဟုတ်ဘူး၊ လက်ရှိမှာလည်းစေလွှတ်မှာမဟုတ်သလို အနာဂတ်မှာလည်းစေလွှတ်မှာမဟုတ်ဘူး၊ ဒါပေမယ့် မိတ်ဖက်တွေနဲ့တော့ ဂါဇာဒေသ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနေတယ်" လို့ပြောပါတယ်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အမေရိကန်ဒေါ်လာအပေါ် မှီခိုမှုကို သိသိသာသာ လျှော့ချနိုင်မည်ဟု ယုံကြည်ကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌပြော

RECENT POSTS
တရုတ်နိုင်ငံတောင်ပိုင်းမှာ တန်ချိန်(၁၀ဝဝ) ကျော်ရှိ ရွှေသိုက်တစ်ခု ရှာတွေ့
25 Nov 2024
ဖုန်တာရွှင့် ဝိရောဓိ (သို့မဟုတ်) တရုတ်-မြန်မာဆက်ဆံရေးကြားက ဆူးတစ်ချောင်း
25 Nov 2024
ရုရှားနိုင်ငံရှိ ဝန်ကြီးဌာနများ နှင့် ကုမ္ပဏီများက မြန်မာနိုင်ငံမှ ရေဘေးသင့်ဒေသများပြန်လည်ထူထောင်ရေးအတွက် ကူညီထောက်ပံ့ရေးပစ္စည်း (၃၅)တန်ခန့် ပေးပို့လှူဒါန်း
25 Nov 2024
တရားမဝင်နေထိုင်သူတွေကို ပြန်ပို့မယ့် ဒေါ်နယ်ထရမ့်ရဲ့အစီအစဉ်ကို အမေရိကန်နိုင်ငံသားအများစု ထောက်ခံ
25 Nov 2024
ပုလဲမြို့ပတ်လည်မှ ကျေးရွာ(၁ဝ)ရွာထက်မနည်းတွင် PDF များ ဝင်ရောက်နေထိုင်ပြီး ရွာသူရွာသားများကို နှင်ထုတ်
25 Nov 2024
ယူကရိန်းက အမေရိကန်ကို ချမ်းသာအောင်လုပ်ပေးနိုင်တယ်လို့ ရီပတ်ဘလစ်ကန်အထက်လွှတ်တော်အမတ်တစ်ဦး ပြော
25 Nov 2024
KNDF ပူးပေါင်းအဖွဲ့ကို ‌မေတ္တာရပ်ခံမရသဖြင့် ထိုးစစ်ဆင်ရှင်းလင်းနေဟု PNO/PNA ပြော
25 Nov 2024
ရုရှားနိုင်ငံကိုတိုက်ခိုက်ဖို့ တာဝေးပစ်ဒုံးကျည်တွေ အသုံးပြုဖို့ခွင့်ပြုတဲ့ နိုင်ငံတွေထဲ ပြင်သစ်နိုင်ငံ ပူးပေါင်းပါဝင်လာ
25 Nov 2024
အမျိုးသားလွှတ်တော်နှင့် ပြည်နယ်၊ ဒေသကြီးများတွင် PR စနစ် ရွေးကောက်ပွဲကျင့်သုံးမည်
25 Nov 2024
မကွေးမြို့၌ ဒုတိုင်းကျန်းမာရေးဦးစီးမှူး သတ်ဖြတ်ခံရမှုဖြစ်ပွား
22 Nov 2024
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved