ငွေကြေးလိမ်လည်မှုများ ဖြစ်ပေါ်လာပါက ချက်ချင်းထိရောက်စွာ တားဆီးဖော်ထုတ်အရေးယူဆောင်ရွက်ရန်လိုကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌပြော
စော(NSS) - နိုဝင်ဘာ ၁
ငွေကြေးလိမ်လည်မှုများ ဖြစ်ပေါ်လာပါက ချက်ချင်းထိရောက်စွာ တားဆီးဖော်ထုတ်အရေးယူဆောင်ရွက်ရန်လိုကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ယမန်နေ့(အောက်တိုဘာလ ၃၁ ရက်) တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ရန်ကုန်ဘဏ်ခွဲ၌ ငွေကြေးလိမ်လည်မှုများကို အချိန်မီတားဆီးနိုင်ရေး နှင့် အရေးယူမှုမြန်ဆန်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ ဖွဲ့စည်းရေးဆိုင်ရာ အစည်းအဝေးတွင် အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌက ငွေကြေးလိမ်လည်မှုများ တားဆီးအရေးယူမှုဆိုင်ရာလုပ်ငန်းအဖွဲ့အနေဖြင့် ငွေကြေးလိမ်လည်မှုများ ဖြစ်ပေါ်လာပါက ချက်ချင်းထိရောက်စွာ တားဆီးဖော်ထုတ်အရေးယူဆောင်ရွက်ရန်လိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
အလားတူ အသိပညာပေးဆိုင်ရာကိစ္စရပ်များဆောင်ရွက်ရာတွင်လည်း ပြည်သူလူထုတစ်ရပ်လုံးသိရှိစေရန် ငွေကြေးလိမ်လည်မှုများကို ဖြစ်စဉ်တစ်ခုချင်းစီအလိုက် နမူနာထားပြီး ဝန်ဆောင်မှုပေးသူများအဖွဲ့အပါအဝင် အသုံးပြုသူများအဖွဲ့၊ ဥပဒေစည်းမျဉ်းထိန်းကျောင်း သူများအဖွဲ့များက အသိပေးရန်လိုကြောင်း အကြံပြုပြောကြားခဲ့သည်။
၎င်းက ဆက်သွယ်ရေးကွန်ရက်မှတစ်ဆင့် ငွေကြေးလိမ်လည်များမှုများကို တားဆီးကာကွယ်ရန်အတွက် သတင်းအချက်အလက်ရယူခြင်းနှင့် စစ်ဆေးဖော်ထုတ်အရေးယူခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းများ (Standard Operation Procedure -SOP)အပေါ် ဌာနဆိုင်ရာများအပါအဝင် ပုဂ္ဂလိကဘဏ်များ နှင့် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများအနေဖြင့် လိုက်နာဆောင်ရွက်ရန်လိုကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ငွေကြေးလိမ်လည်မှုများကို အချိန်မီ တားဆီးနိုင်ရေးနှင့် အရေးယူမြန်ဆန်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ဖွဲ့စည်းပြီး စနစ်တကျဆောင်ရွက်ရန်လည်း ဗဟိုဘဏ် ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကုလသမဂ္ဂရဲ့စွမ်းဆောင်ရည်မကောင်းမွန်မှုကြောင့် ကုလသမဂ္ဂလူအခွင့်ရေးအဖွဲ့အကြီးအကဲတစ်ဦး ရာထူးကနေ နုတ်ထွက်
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း