ကုလသမဂ္ဂရဲ့စွမ်းဆောင်ရည်မကောင်းမွန်မှုကြောင့် ကုလသမဂ္ဂလူအခွင့်ရေးအဖွဲ့အကြီးအကဲတစ်ဦး ရာထူးကနေ နုတ်ထွက်
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၁
ကုလသမဂ္ဂအဖွဲ့ဟာ အစ္စရေးနဲ့ ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့ စစ်ပွဲကို ဖြေရှင်းနိုင်စွမ်းမရှိတဲ့အတွက် အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂလူ့အခွင့်ရေးရုံး (OHCHR) ရဲ့ညွှန်ကြားရေးမှူး Craig Mokhiber ဟာ ရာထူးကနေ ရုတ်တရက်နုတ်ထွက်သွားခဲ့ကြောင်းသိရပါတယ်။
ကုလသမဂ္ဂဟာ ကိုယ့်အလုပ်ကိုယ်လုပ်ဆောင်ရမယ့်အစား အမေရိကန်နိုင်ငံကို အညံ့ခံအရှုံးပေးနေသလို အစ္စရေးအတွက်လည်း လော်ဘီလုပ်ပေးနေရသလိုမျိုးဖြစ်နေကြောင်း၎င်းကပြောပါတယ်။ ၎င်းက "လူမျိုးသုန်းသတ်ဖြတ်မှုတွေဖြစ်ပွားနေတာ တွေ့မြင်နေရတယ်။ ဒါပေမယ့် ကုလသမဂ္ဂအဖွဲ့အစည်းဟာ အဲဒီအရာတွေကို ရပ်တန့်အောင်လုပ်ဆောင်နိုင်ခြင်းမရှိဘူး"လို့ ပြောပါတယ်။
ဂါဇာဒေသအပေါ် ပြုလုပ်နေတဲ့ အစ္စရေးရဲ့တိုက်ခိုက်မှုတွေဟာ လူမျိုးသုန်းတိုက်ခိုက်မှုတွေဖြစ်နေကြောင်း ၎င်းကပြောပါတယ်။ အမေရိကန်၊ ဗြိတိန် နဲ့ ဥရောပတိုက်နိုင်ငံတွေဟာ စိုးရိမ်ထိတ်လန့်ဖွယ်ကောင်းစေတဲ့ တိုက်ခိုက်မှုတွေမှာ ပါဝင်ပတ်သက်နေကြောင်း၊ အဆိုပါနိုင်ငံတွေဟာ ကုလသမဂ္ဂအဖွဲ့ရဲ့စည်းကမ်းတွေကို လိုက်နာအကောင်ထည်ဖော်ဖို့ ပျက်ကွက်နေကြောင်း (OHCHR) ရဲ့ညွှန်ကြားရေးမှူးက ပြောပါတယ်။
ဒါ့ပြင် အမေရိကန်၊ ဗြိတိန်၊ ဥရောပတိုက်နိုင်ငံတွေဟာ အစ္စရေးနိုင်ငံရဲ့လုပ်ရပ်တွေအပေါ် စီးပွားရေး၊ ထောက်လှမ်းရေး၊ နိုင်ငံရေး၊ သံတမန်ရေးအရ ကူညီကာကွယ်ပေးနေကြောင်း
၎င်းက ထပ်မံပြောဆိုခဲ့ပါတယ်။ အနောက်အုပ်စုနိုင်ငံတွေရဲ့မီဒီယာတွေကလည်း အစ္စရေးရဲ့တိုက်ခိုက်မှုတွေကို ဖုံးအုပ်ကာကွယ်ပေးနေတယ်လို့ OHCHR ကပြောပါတယ်။ အစ္စရေးဟာ နိုင်ငံတကာအဖွဲ့အစည်းတွေက တောင်းဆိုနေပေမယ့် ဟားမက်စ်အဖွဲ့ထိန်းချုပ်ထားတဲ့ ဂါဇာဒေသကို တိုက်ခိုက်နေဆဲဖြစ်ရာ လူသေဆုံးမှုတွေ၊ ထိခိုက်ပျက်စီးမှုတွေ ပိုမိုများပြားနေတယ်လို့ ဆိုပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရှမ်းမြောက်ရှိ လုံခြုံရေးစခန်းများကို MNDAA သောင်းကျန်းသူများက တိုက်ခိုက်လာမှုအပေါ် တပ်ချုပ် နှင့် တရုတ်နိုင်ငံတော်ကောင်စီဝင်တို့ ဆွေးနွေး
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ