သံဖြူဇရပ်မြို့တွင် ဆိုင်ကယ် နှင့် လူနာတင်ကားတို့ မျက်နှာချင်းဆိုင်တိုက်မိရာမှ အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံး
သန့်ဇင်(NSS) - အောက်တိုဘာ ၃၀
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့တွင် ဆိုင်ကယ်နှင့် လူနာတင်ကားတို့မျက်နှာချင်းဆိုင်တိုက်မိခဲ့ရာ ဆိုင်ကယ်ယာဉ်မောင်းအမျိုးသားတစ်ဦးပွဲချင်းပြီး သေဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သတင်းရရှိသည်။
ယာဉ်တိုက်မှုသည် ယနေ့ (အောက်တိုဘာလ ၃၀ ရက်)၊ ညနေ ၃နာရီ ၄၅မိနစ်အချိန်တွင် သံဖြူဇရပ်မြို့၊ ကြာကန်ဈေးအရှေ့၊ သံဖြူဇရပ်-ကျိုက္ခမီသွား ကားလမ်းပေါ်တွင် ဖြစ်ပွားခဲ့ကြောင်း ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းထံမှ သိရသည်။
“ဆိုင်ကယ်ပေါ်က လူတွေကမူးနေတာ။ အဲဒါနဲ့ တစ်ဖက်ကလာတဲ့ လူနာတင်ကားနဲ့ မျက်နှာချင်းဆိုင်တိုက်မိတာပေါ့။ ကားက မုဒုံဘက်က လူနာတင်ကားပါ”ဟု ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါယာဉ်တိုက်မှုတွင် ဆိုင်ကယ်ပေါ်မှလိုက်ပါလာသည့် အမျိုးသား(၂)ဦးအနက် ဆိုင်ကယ်မောင်းနှင်သူ အသက်(၃၅)အရွယ်အမျိုးသားသည် နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ကျန်အသက်(၃၆)အရွယ် အမျိုးသားသည် စိုးရိမ်ဖွယ်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“ဆိုင်ကယ်မောင်းတဲ့လူကတော့ နေရာတွင်ပွဲချင်းပြီးပဲဗျ။ ထိခိုက်တာကတော့ ခြေထောက်တွေ အရေပြားလန်သွားတာတွေနဲ့ ဦးခေါင်းထိထားတဲ့ ဒဏ်ရာတွေပေါ့။ ဆိုင်ကယ်နောက်ကထိုင်လိုက်တဲ့လူကတော့ ခေါင်းတော်တော်လေးပျော့သွားတာ။ ခုတော့အရေးပေါ်ဆောင် မှာပေါ့”ဟု ၎င်းကဆက်လက်ပြောသည်။
ထို့နောက် သေဆုံးသူအမျိုသားအား သံဖြူဇရပ်မြို့နယ်ပြည်သူ့ ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ထားရှိပြီး စိုးရိမ်ဒဏ်ရာများရရှိခဲ့သည့် အမျိုးသားအား မော်လမြိုင်မြို့ပြည်သူ့ဆေးရုံရှိအရေးပေါ်ဌာနသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
(၁၀)လအတွင်း မူးယစ်ဆေးဖြတ် သင်တန်းသား (၆၀)ဦးကျော်ကို စိတ်ပိုင်း/ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲစောင့်ရှောက်ပေးနိုင်ခဲ့
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
22 Nov 2024 | မှုခင်း,ပြည်တွင်း