(၁၀)လအတွင်း မူးယစ်ဆေးဖြတ် သင်တန်းသား (၆၀)ဦးကျော်ကို စိတ်ပိုင်း/ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲစောင့်ရှောက်ပေးနိုင်ခဲ့
စော (NSS) - အောက်တိုဘာ ၃၀
(၁၀)လအတွင်း မူးယစ်ဆေးဖြတ်သင်တန်းသား (၆၀)ဦးကို စိတ်ပိုင်း/ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲစောင့်ရှောက်မှုပေးနိုင်ခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း ဗဟိုရုံး၌ ယနေ့ (အောက် တိုဘာလ ၃၀ ရက်)တွင် မူးယစ်ဆေးဖြတ်သင်တန်းသားများအား ၎င်းတို့၏ မိဘများထံ ပြန်လည်အပ်နှံရေးအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှ တာဝန်ရှိသူများ၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မေတ္တာစံအိမ်ရှိ မူးယစ်ဆေးဖြတ်သင်တန်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မူးယစ်ဆေးစွဲသူများသည် ပြန်လည်ထူထောင်ရေး စခန်းအသီးသီးတွင် မူးယစ်ဆေးဖြတ်ပြီးနောက် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုရုံးတွင် စိတ်ပိုင်း/ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲစောင့်ရှောက်မှုခံယူခဲ့ကြကြောင်း သိရသည်။
မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုအနေဖြင့် ယခုနှစ် ဇန်နဝါရီလ (၁)ရက်မှ ယနေ့ အောက်တိုဘာလ (၃၀)ရက်အထိ မူးယစ်ဆေးဖြတ်သင်တန်းသား (၆၄)ဦးကို စိတ်ပိုင်း/ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ အောက်တိုဘာလ ၃ဝ ရက်အတွက် ပြည်တွင်းနှင့် ပြည်ပက သတင်းထူးများ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း