Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
KIA၊ MNDAA၊ TNLA ပူးပေါင်းအဖွဲ့များသည် ရှမ်းပြည်ရှိ လုံခြုံရေးစခန်းများကို အလုံးအရင်းဖြင့် ဝင်တိုက်နေ၍ အပြန်အလှန်တိုက်ခိုက်မှုများ ပြင်းထန်နေဟု နစကဆို

မြူနစ် (NSS) - အောက်တိုဘာ ၃၀

KIA၊ MNDAA၊ TNLA ပူးပေါင်းအဖွဲ့များသည် ရှမ်းပြည်ရှိ လုံခြုံရေးစခန်းများကို အလုံးအရင်းဖြင့် ဝင်တိုက်နေ၍ အပြန်အလှန်တိုက်ခိုက်မှုများ ပြင်းထန်နေကြောင်း နစကမှ အသိပေးထုတ်ပြန်ထားသည်။


နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့(အောက်တိုဘာလ ၃၀ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

အောက်တိုဘာလ ၂၇ ရက်မှစတင်၍ KIA၊ MNDAA၊ TNLA ပူးပေါင်းထားသည့် လက်နက် ကိုင်အဖွဲ့အစည်းများသည် ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် အရှေ့မြောက်ဒေသရှိ လားရှိုး၊ သန္နီ၊ ကွတ်ခိုင်၊ မူဆယ်၊ ကြူကုတ်၊ မုံးကိုး၊ ဖောင်းဆိုင်ဒေသများ၊ ကွမ်းလုံ၊ ချင်းရွှေဟော် နှင့် လောက်ကိုင်စသည့် နယ်စပ်ဒေသများသို့ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်၍ နယ်မြေခံတပ်ရင်းဌာနချုပ်နှင့် လုံခြုံရေးစခန်းများကို ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေသည်ဟု နစကမှ ဆိုသည်။

ထို့ပြင် ဒေသခံပြည်သူများကို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခြင်း၊ နယ်စပ်ကုန်သွယ်ရေးပျက်စီးစေရန် နှင့် လမ်းပန်းဆက်သွယ်မှုပြတ်တောက်စေရေးစသည့် နိုင်ငံတော်ပျက်စီးစေလိုသော ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်နေသည့်အတွက် ယနေ့အထိ အပြန်အလှန်ထိတွေ့တိုက်ခိုက်မှုများ ပြင်းထန်စွာဖြစ်ပွားနေသည်ဟု နစကမှ သတင်းထုတ်ပြန်ထားသည်။

MNDAA၊ TNLA၊ AA မဟာမိတ်(၃)ဖွဲ့သည် အောက်တိုဘာလ ၂၇ ရက် နံနက်အစောပိုင်းမှစတင်ကာ (၁၀၂၇ စစ်ဆင်ရေး) အမည်ဖြင့် ရှမ်းပြည်နယ်အတွင်းရှိ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကွမ်းလုံ၊ ကွတ်ခိုင်၊ သိန္နီ နှင့် လားရှိုး စသည့်မြို့နယ်များ တစ်ဝိုက်တွင် လုံခြုံရေးစခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

အဆိုပါမဟာမိတ်(၃)ဖွဲ့နှင့်အတူ PDF အပါအဝင် အခြားသောလက်နက်ကိုင်အဖွဲ့အစည်းများကလည်း ပူးပေါင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

၎င်း (၁၀၂၇ စစ်ဆင်ရေး)ကာလအတွင်း တပ်မတော်၏ လုံခြုံရေးစခန်းများကို မဟာမိတ်(၃)ဖွဲ့က သိမ်းပိုက်ခဲ့သည့် ဖြစ်စဉ်များလည်း ရှိနေသည်ကို တွေ့ရှိရသည်။

ယနေ့(အောက်တိုဘာလ ၃၀ ရက်) နံနက်ပိုင်းတွင်လည်း သိန္နီမြို့နှင့် နမ္မတူမြို့ကို ဆက်သွယ်ထားသည့် အရေးပါသော တံတားတစ်စင်းသည်လည်း လက်နက်ကိုင်အဖွဲ့များ၏ လုပ်ရပ်ကြောင့် ကျိုးကျပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲများကြောင့် ဒေသခံပြည်သူများအနေဖြင့် ထွက်ပြေးတိမ်းရှောင်နေရမှုများ ရှိနေသကဲ့သို့ စားရေရိက္ခာအခက်အခဲအပါအဝင် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကိုပါ ခံစားနေရလျက်ရှိကြောင်း သိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အစ္စရေးနိုင်ငံအနေနဲ့ ဂါဇာဒေသရှိ အပြစ်မဲ့ပြည်သူများကို ဦးစားပေးကာကွယ်ရမယ်လို့ အမေရိကန်အစိုးရ သတိပေး

RECENT POSTS
လမ်းသွားလမ်းလာများထံမှ ဖုန်းလုယက်မှုအကြိမ်ကြိမ်ကျူးလွန်ခဲ့သူနှင့် သက်သေခံပစ္စည်းများ လက်ခံဝယ်ယူခဲ့သူတို့ကို ဖမ်းဆီးရမိ
25 Nov 2024
ဖလမ်းမြို့ခံများကို အကြမ်းဖက်များက မြို့တွင်းမှမောင်းထုတ်ပြီးနောက် ပြည်သူပိုင်ပစ္စည်းများကို ဖောက်ထွင်းခိုးယူနေဟု ဒေသခံများ ဆို
25 Nov 2024
တရုတ်နိုင်ငံတောင်ပိုင်းမှာ တန်ချိန်(၁၀ဝဝ) ကျော်ရှိ ရွှေသိုက်တစ်ခု ရှာတွေ့
25 Nov 2024
ဖုန်တာရွှင့် ဝိရောဓိ (သို့မဟုတ်) တရုတ်-မြန်မာဆက်ဆံရေးကြားက ဆူးတစ်ချောင်း
25 Nov 2024
ရုရှားနိုင်ငံရှိ ဝန်ကြီးဌာနများ နှင့် ကုမ္ပဏီများက မြန်မာနိုင်ငံမှ ရေဘေးသင့်ဒေသများပြန်လည်ထူထောင်ရေးအတွက် ကူညီထောက်ပံ့ရေးပစ္စည်း (၃၅)တန်ခန့် ပေးပို့လှူဒါန်း
25 Nov 2024
တရားမဝင်နေထိုင်သူတွေကို ပြန်ပို့မယ့် ဒေါ်နယ်ထရမ့်ရဲ့အစီအစဉ်ကို အမေရိကန်နိုင်ငံသားအများစု ထောက်ခံ
25 Nov 2024
ပုလဲမြို့ပတ်လည်မှ ကျေးရွာ(၁ဝ)ရွာထက်မနည်းတွင် PDF များ ဝင်ရောက်နေထိုင်ပြီး ရွာသူရွာသားများကို နှင်ထုတ်
25 Nov 2024
ယူကရိန်းက အမေရိကန်ကို ချမ်းသာအောင်လုပ်ပေးနိုင်တယ်လို့ ရီပတ်ဘလစ်ကန်အထက်လွှတ်တော်အမတ်တစ်ဦး ပြော
25 Nov 2024
KNDF ပူးပေါင်းအဖွဲ့ကို ‌မေတ္တာရပ်ခံမရသဖြင့် ထိုးစစ်ဆင်ရှင်းလင်းနေဟု PNO/PNA ပြော
25 Nov 2024
ရုရှားနိုင်ငံကိုတိုက်ခိုက်ဖို့ တာဝေးပစ်ဒုံးကျည်တွေ အသုံးပြုဖို့ခွင့်ပြုတဲ့ နိုင်ငံတွေထဲ ပြင်သစ်နိုင်ငံ ပူးပေါင်းပါဝင်လာ
25 Nov 2024
အမျိုးသားလွှတ်တော်နှင့် ပြည်နယ်၊ ဒေသကြီးများတွင် PR စနစ် ရွေးကောက်ပွဲကျင့်သုံးမည်
25 Nov 2024
မကွေးမြို့၌ ဒုတိုင်းကျန်းမာရေးဦးစီးမှူး သတ်ဖြတ်ခံရမှုဖြစ်ပွား
22 Nov 2024
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved