အစ္စရေးနိုင်ငံအနေနဲ့ ဂါဇာဒေသရှိ အပြစ်မဲ့ပြည်သူများကို ဦးစားပေးကာကွယ်ရမယ်လို့ အမေရိကန်အစိုးရ သတိပေး
ဂျန်ဇက် (NSS) - အောက်တိုဘာ ၃ဝ
အစ္စရေးနိုင်ငံအနေနဲ့ ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟားမက်စ်အဖွဲ့များကို တိုက်ခိုက်ရာမှာ အပြစ်မဲ့ပြည်သူ များကို ကာကွယ်ပေးသွားရမှာဖြစ်တယ်လို့ အမေရိကန်အစိုးရက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
အမေရိကန်အစိုးရက အစ္စရေးနိုင်ငံဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့်ရှိပေမယ့် နိုင်ငံတကာဥပဒေများအတိုင်း လိုက်နာလုပ်ဆောင်ရမှာဖြစ်သလို အပြစ်မဲ့အရပ်သားများကို ကာကွယ်ပေးရေးပိုင်းကို ဦးစားပေးလုပ်ကိုင်ဖို့ အရေးကြီးကြောင်း ပြောပါတယ်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ပါလက်စတိုင်းပိုင်နက်များထဲသို့ လူသားချင်း ဆိုင်ရာစာနာမှုအကူအညီများ ပိုမိုရောက်ရှိအောင်လုပ်ဆောင်သွားမယ်လို့ ကတိပြုပြောဆိုခဲ့ပါတယ်။
အစ္စရေး နှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားစစ်ပွဲစတင်ခဲ့တဲ့ အောက်တိုဘာ ၇ ရက်နောက်ပိုင်းကတည်းက ဂါဇာဒေသမှာ ပါလက်စတိုင်းပြည်သူအနည်းဆုံး ၈ဝဝဝ သေဆုံးထားတယ်လို့ သိရပါတယ်။ အစ္စရေးဟာ နိုင်ငံတကာအဖွဲ့အစည်းများ သတိပေးမှုတွေရှိနေတဲ့ကြားနေ ဂါဇာဒေသကို မြေပြင်ထိုးစစ်ဆင်နွှဲမှုတွေ စတင်လိုက် ကြောင်း သိရပါတယ်။
အစ္စရေးရဲ့မြေပြင်ထိုးစစ်ဆင်နွဲမှုကြောင့် အပြစ်မဲ့ပြည်သူများ ပိုမိုသေဆုံးမှုတွေရှိလာမှာ စိုးရိမ်မှုတွေ မြင့်တက်နေ ချိန်မှာ အမေရိကန်အစိုးရက သတိပေးခဲ့တာဖြစ်ပါတယ်။ အမေရိကန်အစိုးရက အစ္စရေးကို ကူညီထောက်ခံပေး မယ့် ပြည်သူတွေ ထိခိုက်သေဆုံးမှုမျိုးမဖြစ်အောင်လုပ်ဆောင်ဖို့ အစောပိုင်းကတည်းက သတိပေးထားပါတယ်။
အမေရိကန်အစိုးရဟာ အစ္စရေးနဲ့ ဟားမက်စ်တို့ စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်းကတည်းက စစ်ပွဲထဲကိုအခြားအဖွဲ့အစည်း၊ နိုင်ငံတွေ ပါဝင်လာမှာကို ကြိုတင်ဟန့်တားမှုအဖြစ် အရှေ့အလယ်ပိုင်းဒေသကို လေယာဉ်တင် သင်္ဘောတွေ၊ စစ်သားတွေ စေလွှတ်ထားကြောင်း သိရပါတယ်။ အစ္စရေးဟာ ဟားမက်စ်အဖွဲ့ကို အမြစ်ပြတ်ချေမှုန်း နိုင်ဖို့ ရည်ရွယ်ပြီးလေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် မြေပြင်ထိုးစစ်ဆင်နွှဲမှုတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နွားထိုးကြီးမြို့နယ်၌ တောင်ယာလုပ်ကိုင်သည့် အမျိုးသားတစ်ဦးအား PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ