ရန်ကုန်တိုင်း၌ ခွင့်ပြုမတည်ငွေနှင့် ရင်းနှီးငွေ ကျပ်သိန်းပေါင်း (၂)သိန်းကျော်ရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာလုပ်ငန်း(၉)ခုကို လုပ်ကိုင်ခွင့်ပြု
Pearl (NSS) - အောက်တိုဘာ ၂၈
ခွင့်ပြုမတည်ငွေ နှင့် ရင်းနှီးငွေ ကျပ်သိန်းပေါင်း (၂)သိန်းကျော်ရှိသည့် ဟိုတယ်နှင့် တည်းခိုရိပ်သာလုပ်ငန်း (၉)ခုကို လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ အချက်အလက်များအရ သိရသည်။
ယခုတစ်ပတ်အတွင်း ကျင်းပခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၂/၂၀၂၃) ကြိမ်မြောက်အစည်းအဝေးတွင် ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီသည် ဟိုတယ်လုပ်ငန်းလိုင်စင် (၆)ခု၊ ဟိုတယ်တည်ဆောက်ခွင့် (၁)ခု နှင့် တည်းခိုရိပ်သာ လိုင်စင် (၁)ခု၊ တည်းခိုရိပ်သာတည်ဆောက်ခွင့် (၁)ခုတို့ကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများ၏ စုစုပေါင်းအခန်းသည် (၄၇၄)ခန်းရှိကြောင်း သိရသည်။
၎င်းဟိုတယ်လုပ်ငန်း နှင့် တည်းခိုရိပ်သာလုပ်ငန်းများအတွက် ခွင့်ပြုမတည်ငွေနှင့် ရင်းနှီးငွေ ပမာဏစုစုပေါင်းသည် ကျပ်သိန်း (၂၃၁၁၁၀) ဖြစ်ပြီး ၎င်းတို့သည် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ဖြစ်ကြောင်း သိရသည်။
အတည်ပြုပေးခဲ့သော လုပ်ငန်းလိုင်စင်အားလုံးသည် ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းအနေဖြင့် လူဦးရေ(၂၀၀)နီးပါး အလုပ်အကိုင်ရရှိနိုင်ကြောင်း သိရသည်။
ထို့ပြင် ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင် (ပြည်တွင်း/ ပြည်ဝင်) (၁၀၂)ခု၊ ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင် (ပြည်ပ) (၆၅)ခုကိုလည်း ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလအထိ ရန်ကုန်တိုင်းအတွင်း ဟိုတယ်ကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ငွေကျပ်သိန်း (၃၃၁၇၈၀) ကို ခွင့်ပြုပေးနိုင်ခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်း (၃၀၉)ဦး ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ အောက်တိုဘာလ ၂၈ ရက်အတွင်းဖြစ်ပွားခဲ့သော ပြည်တွင်းနှင့် ပြည်ပက သတင်းထူးများ
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း