ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ဆိုင်ခန်းပေါင်း(၅၀၀)ပါဝင်သော သီတင်းကျွတ်ဈေးရောင်းပွဲတော် ယနေ့ စတင်ဖွင့်လှစ်
သန့်ဇင်(NSS) - အောက်တိုဘာ ၂၇
ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်တွင် ဆိုင်ခန်းပေါင်း(၅၀၀)ပါဝင်ပြသလျက်ရှိသည့် သီတင်းကျွတ်ဈေးရောင်းပွဲတော်ကို ယနေ့ (အောက်တိုဘာလ ၂၇ ရက်)၊ နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်ခဲ့သည်။
အဆိုပါ ဈေးရောင်းပွဲတော်တွင် ဆိုင်ခန်းပေါင်း(၅၀၀)ခင်းကျင်းပြသရောင်းချလျက်ရှိပြီး ရန်ကုန်တိုင်းမှ ပြခန်းများအပြင် တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးမှ ထုတ်ကုန်ပြခန်းများပါဝင်ပြသလျက်ရှိကြောင်း သိရသည်။
အခြားတိုင်းနှင့်ပြည်နယ်မှ ပြခန်းများထဲတွင် ကချင်ပြည်နယ်မှ (၃)ခန်း၊ ပဲခူးတိုင်းမှ(၅)ခန်း၊ မန္တလေးတိုင်းမှ (၂)ခန်း၊ ရှမ်းပြည်နယ်မှ(၅)ခန်း၊ ပအို့ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှ ပြခန်း(၁)ခန်းနှင့် ဧရာဝတီတိုင်းဒေသကြီးမှ ပြခန်း(၂)ခန်းတို့ ပါဝင်ပြသရောင်းချလျက်ရှိကြောင်း သိရသည်။
“ဒီလိုထုတ်ကုန်တွေကို ပြပရောင်းချနိုင်ခြင်းအားဖြင့် မိဘပြည်သူတွေအနေနဲ့ ဈေးနှုန်းသက်သက်သာသာနဲ့ဝယ်ယူနိုင်မယ့်အပြင် လုပ်ငန်းရှင်တွေအနေနဲ့လည်း မိမိရဲ့ ထုတ်ကုန်ကိုပြသရောင်းချနိုင်တဲ့အတွက် ချိတ်ဆက်ဆောင်ရွက်နိုင်တဲ့ ဈေးကွက်ကိုရရှိနိုင်မှာ ဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ပြောကြားခဲ့သည်။
၎င်းဈေးရောင်းပွဲတော်တွင် စက်မှုထုတ်ကုန်နှင့် ရေထွက်ပစ္စည်းများအပြင် ဆန်၊ ဆီ၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်းလည်း ၎င်းကဆက်လက်ပြောသည်။
ထို့ပြင် ယခုကျင်းပပြုလုပ်လျက်ရှိသည့် သီတင်းကျွတ်ဈေးရောင်းပွဲတော်တွင် E- sport ဂိမ်းပြိုင်ပွဲများ၊ စတုဒီသာများ၊ ရုပ်ရှင်၊ သဘင်နှင့် ဂီတနယ်ပယ်တို့မှ အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများအပြင် ဆက်ကပ်နှင့် မျက်လှည့်ပွဲများလည်းပါဝင်ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
သီတင်းကျွတ်ဈေးရောင်းပွဲတော်သို့ လာရောက်မည့် ပြည်သူများသွားလာရေးလွယ်ကူစေရန် YBS ယာဉ်လိုင်း (၇)လိုင်းကိုလည်း ပြေးဆွဲပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) က အသိပေးထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ အောက်တိုဘာလ ၂၇ ရက်အတွင်းဖြစ်ပွားခဲ့သော ပြည်တွင်းနှင့် ပြည်ပက သတင်းထူးများ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ