စည်းကမ်းဖောက်ဖျက်သည့် YBS ယာဉ်များအား Viber မှတစ်ဆင့်တိုင်ကြားနိုင်မည်
သန့်ဇင် (NSS) - အောက်တိုဘာ ၂၆
စည်းကမ်းဖောက်ဖျက်သည့် YBS ယာဉ်များအား Viber မှတစ်ဆင့်တိုင်ကြားနိုင်ပြီဖြစ်ကြောင်း YRTC က ထုတ်ပြန်ထားသည်။
ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) က ယနေ့(အောက်တိုဘာလ ၂၆ ရက်)တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
YBS ယာဉ်များ တစ်စီးနှင့်တစ်စီး ယှဉ်ပြိုင်ကျော်တက်မောင်းနှင်ခြင်း၊ မဆင်မခြင် အရှိန်ပြင်းမောင်းနှင်ခြင်း၊ မီးနီဖြတ်မောင်းနှင်ခြင်း နှင့် ဘေးတံခါးဖွင့် မောင်းနှင်ခြင်းတို့အားတွေ့ရှိပါက မည်သူမဆို ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရသည်။
ထိုသို့ တိုင်ကြားရာတွင် ခရီးသွားပြည်သူများ အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီရှိမှ ဖုန်းနံပါတ်များဖြစ်သည့် (၀၉၄၄၈၁၄၇၁၄၉၊ ၀၉၄၄၈၁၄၇၁၅၃၊ ၀၉၄၄၈၁၄၇၁၅၄)သို့ ဓာတ်ပုံ/Video မှတ်တမ်းနှင့်တကွ အချိန်၊ နေ့စွဲ၊ မှတ်တိုင်နေရာများဖြင့် ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရသည်။
၎င်းစည်းကမ်းဖောက်ဖျက်သည့် YBS ယာဉ်များကို ယခင်က ဖုန်းဖြင့်တိုက်ရိုက် ဆက်သွယ်တိုင်ကြားမှုကိုသာ အရေးယူခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် Viber မှတစ်ဆင့်တိုက်ကြားမှုများကို တိုးချဲ့လက်ခံအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယခုနှစ် ဇန်နဝါရီလမှ ပြီးခဲ့သည့် စက်တင်ဘာလ (၂၅)ရက်အထိ ယာဉ်စည်းကမ်းဖောက်ဖျက်သည့် အမှုပေါင်း(၁၆၆၉၉)ထိရှိခဲ့ကြောင်း ရန်တိုင်းဒေသကြီး ပုဂ္ဂလိ ကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)၏ ထုတ်ပြန်ချက်များအရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ အောက်တိုဘာလ ၂၆ ရက်အတွင်းဖြစ်ပွားခဲ့သော သတင်းများအား စုစည်းတင်ဆက်ခြင်း
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း