ရန်ကုန်လေဆိပ်အတွင်း ဖောက်ခွဲရန် သယ်ဆောင်လာသည်ဟုယူဆရသည့် လက်လုပ်မိုင်း(၅)လုံးကို အမျိုးသား(၂)ဦးနှင့်အတူ ဖမ်းဆီးရမိ
NP News - ဖေဖော်ဝါရီ ၂၈
ရန်ကုန်လေဆိပ်အတွင်း ဖောက်ခွဲမည်ဟုယူဆရသည့် လက်လုပ်မိုင်း(၅)လုံးကို ကားတစ်စီး၊ အမျိုးသား (၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
ရန်ကုန်မြို့၊ ပြည်လမ်း၊ ဆယ်မိုင်ကုန်းဂိတ်အနီးတွင် ဖေဖော်ဝါရီလ ၂၇ ရက်၊ ညနေ ၅ နာရီအချိန်ခန့်တွင် အထက်ပါကဲ့သို့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးအဖွဲ့ဝင်များနှင့်နီးစပ်သောသတင်းအရင်းအမြစ်က NP News ကို အတည်ပြုပြောဆိုထားသည်။
ဆယ်မိုင်ကုန်းစစ်ဆေးရေးဂိတ်၌ အမျိုးသားနှစ်ဦးမောင်းနှင်လာသည့် Hijet ကားတစ်စီးအား လုံခြုံရေးအဖွဲ့က စစ်ဆေးခဲ့ရာ ကားပေါ်ရှိ ကျေားပိုးအိတ်အတွင်းမှ လက်လုပ်မိုင်း(၅)လုံးကို တွေ့ရှိခဲ့ရကာ ဖမ်းဆီးသိမ်းဆည်းခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ထို့ပြင် ကားပေါ်လိုက်ပါသည့် အသက်(၃၅)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးနှင့် အသက်(၄ဝ)အရွယ်ရှိ အမျိုးသားတစ်ဦးတို့ကို ဖမ်းဆီးရမိခဲ့ပြီး လက်ရှိတွင် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးရမိခဲ့သည့် လက်လုပ်မိုင်း(၅)လုံးသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အတွင်း ဖောက်ခွဲမှုပြုလုပ်ရန်အတွက် သယ်ဆောင်လာခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ရသည်ဟု အထက်ပါသတင်းအရင်း အမြစ်က မှတ်ချက်ပြုပြောဆိုထားသည်။
zawgyi version
ရန္ကုန္ေလဆိပ္အတြင္း ေဖာက္ခြဲရန္ သယ္ေဆာင္လာသည္ဟုယူဆရသည့္ လက္လုပ္မိုင္း(၅)လုံးကို အမ်ိဳးသား(၂)ဦးႏွင့္အတူ ဖမ္းဆီးရမိ
NP News - ေဖေဖာ္ဝါရီ ၂၈
ရန္ကုန္ေလဆိပ္အတြင္း ေဖာက္ခြဲမည္ဟုယူဆရသည့္ လက္လုပ္မိုင္း(၅)လုံးကို ကားတစ္စီး၊ အမ်ိဳးသား (၂)ဦးႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သတင္းရရွိသည္။
ရန္ကုန္ၿမိဳ႕၊ ျပည္လမ္း၊ ဆယ္မိုင္ကုန္းဂိတ္အနီးတြင္ ေဖေဖာ္ဝါရီလ ၂၇ ရက္၊ ညေန ၅ နာရီအခ်ိန္ခန႔္တြင္ အထက္ပါကဲ့သို႔ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း လုံၿခဳံေရးအဖြဲ႕ဝင္မ်ားႏွင့္နီးစပ္ေသာသတင္းအရင္းအျမစ္က NP News ကို အတည္ျပဳေျပာဆိုထားသည္။
ဆယ္မိုင္ကုန္းစစ္ေဆးေရးဂိတ္၌ အမ်ိဳးသားႏွစ္ဦးေမာင္းႏွင္လာသည့္ Hijet ကားတစ္စီးအား လုံၿခဳံေရးအဖြဲ႕က စစ္ေဆးခဲ့ရာ ကားေပၚရွိ ေက်ားပိုးအိတ္အတြင္းမွ လက္လုပ္မိုင္း(၅)လုံးကို ေတြ႕ရွိခဲ့ရကာ ဖမ္းဆီးသိမ္းဆည္းခဲ့ေၾကာင္း ၎က ဆက္လက္ေျပာသည္။
ထို႔ျပင္ ကားေပၚလိုက္ပါသည့္ အသက္(၃၅)ႏွစ္အ႐ြယ္ရွိ အမ်ိဳးသားတစ္ဦးႏွင့္ အသက္(၄ဝ)အ႐ြယ္ရွိ အမ်ိဳးသားတစ္ဦးတို႔ကို ဖမ္းဆီးရမိခဲ့ၿပီး လက္ရွိတြင္ စစ္ေဆးမႈမ်ား ျပဳလုပ္လ်က္ရွိေၾကာင္း သိရသည္။
ထိုသို႔ ဖမ္းဆီးရမိခဲ့သည့္ လက္လုပ္မိုင္း(၅)လုံးသည္ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္အတြင္း ေဖာက္ခြဲမႈျပဳလုပ္ရန္အတြက္ သယ္ေဆာင္လာျခင္းျဖစ္ႏိုင္ေၾကာင္း သုံးသပ္ရသည္ဟု အထက္ပါသတင္းအရင္း အျမစ္က မွတ္ခ်က္ျပဳေျပာဆိုထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လိုင်စင်မဲ့ယာဥ်များကို သာသနာပိုင်၊ လူမှုကူညီရေးယာဥ်နံပါတ်များတပ်၍ PDF များထံလက်နက်များပို့နေသည့် အမျိုးသား(၂)ဦးအား ဖမ်းဆီးရမိ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း