မိုးရေးမြို့နယ်စပ်တွင် မြန်မာနိုင်ငံသား သုံးဦးကို ခိုးယူထားသည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိဟု အိန္ဒိယရဲတပ်ဖွဲ့ပြော
ဂျန်ဇက် (NSS) - အောက်တိုဘာ ၂၄
မဏိပူရပြည်နယ် မိုးရေးမြို့နယ်စပ်နားတွင် မြန်မာနိုင်ငံသား သုံးဦးကို ခိုးယူထားသော ပစ္စည်းများနှင့်အတူ ဖမ်ဆီးရမိခဲ့ကြောင်း မဏိပူရပြည်နယ်ရဲတပ်ဖွဲ့ကပြောသည်။
မဏိပူရပြည်နယ်တွင် မေလ ၃ ရက်က လူမျိုးရေး အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ရာ အိမ်များကို မီးရှို့ဖျက်ဆီးမှုများလည်းရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံသားသုံးဦးသည် မီးရှို့ခံရသော အိမ်များမှပစ္စည်းများကို ဝင်ရောက်ခိုးယူခြင်းများလုပ်ဆောင်ခဲ့ကြောင်း မဏိပူရပြည်နယ်ရဲတပ်ဖွဲ့ကပြောသည်။ မဏိပူရ ပြည်နယ်ရဲတပ်ဖွဲ့ဝင်များသည် မိုးရေးနယ်စပ်ဒေသများကို ကင်းလှည့်ချိန်အတွင်း မြန်မာနိုင်ငံသား သုံးဦးကို ခိုးယူထားသော ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယအခြေစိုက်သတင်းတွင်ဖော်ပြထားသည်။
မဏိပူရပြည်နယ် ရဲတပ်ဖွဲ့က အသက် ၂၅နှစ်အရွယ်ရှိ မြန်မာနိုင်ငံသားအောင်အောင်၊ အသက် ၃၀ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသားအောင်မြင့် နှင့် အသက်၂၅နှစ်အရွယ်ရှိ မြန်မာနိုင်ငံသားတစ်ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းတို့သုံးဦးသည် မြန်မာနိုင်ငံတမူးမြို့တွင် နေထိုင်သူများဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
မဏိပူရပြည်နယ် ဝန်ကြီးချုပ် အမ်ဘီယမ်ဆင်းက "အဲဒီမြန်မာနိုင်ငံသားသုံးဦးကို မီးလောင်မှုဖြစ်ပွားခဲ့တဲ့အိမ်တွေထဲကနေ လျှပ်စစ်ဂျင်နရေတာတွေ၊ ပရိဘောဂပစစ္စည်းတွေ ခိုးယူခဲ့တယ်လို့ သံသယရှိခဲ့တယ်။ ဒါကြောင့်ဖမ်းဆီးပြီး မိုးရေးမြို့ရဲစခန်းကိုလွှဲပြောင်းပေးခဲ့တယ်"ဟု အတည်ပြုပြောဆိုထားသည်။
မဏိပူရပြည်နယ်သည် မြန်မာနိုင်ငံ နှင့်နယ်စပ်ချင်းထိစပ်နေသော အိန္ဒိယပြည်နယ်တစ်ခုဖြစ်ပြီး နယ်စပ်ဒေသတွင် ကီလိုမီတာပေါင်း ၄၀၀ အထိ နယ်စပ်ခြံစည်းရိုးခတ်ထားခြင်းမျိုးမရှိကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရှမ်းပြည်နယ်တွင်စိုက်ပျိုးနေသည့် ဘိန်းအစားထိုး သီးနှံများကို ဥရောပတိုက်အထိ တင်ပို့ရောင်းချ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း