အရာတော်မြို့တွင် အရပ်သားများ၏ နေအိမ်အလုံး(၂ဝ)ကျော် မီးရှို့ဖျက်ဆီးခံရဟု ရဲတပ်ဖွဲ့ပြော
Pearl (NP News) - ဖေဖော်ဝါရီ ၂၆
စစ်ကိုင်းတိုင်း၊ အရာတော်မြို့တွင် အကြမ်းဖက်သမားများမီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်အလုံး(၂ဝ)ကျော် မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၂၄)ရက်၊ ည(၈)နာရီအချိန်ခန့်တွင် အရာတော်မြို့နယ်၊ စပါးတွင်းကျေးရွာတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါကျေးရွာအတွင်းသို့ အကြမ်းဖက်သမားအင်အား(၂၅ဝ)ဦးခန့်မှ အဖွဲ့များခွဲ၍ ဝင်ရောက်လာပြီး လူနေအိမ်များအား မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။
မီးရှို့ခံရမှုကြောင့် ကျေးရွာအတွင်းရှိ လူနေအိမ်(၂၃)လုံးမီးလောင်ပျက်စီးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှဆိုထားသည်။
မီးလောင်ပျက်စီးမှုကြောင့် စပါးတွင်းကျေးရွာတွင် နေထိုင်သည့် အိမ်ထောင်စု (၂၃)စုမှ အမျိုးသား(၄၄)ဦးနှင့် အမျိုးသမီး (၄၅)ဦးတို့အား စပါးတွင်းကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းသို့ ပို့ဆောင်နေရာချထားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်နှင့် ပတ်သက်၍ ကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေးနှင့် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
zawgyi version
အရာေတာ္ၿမိဳ႕တြင္ အရပ္သားမ်ား၏ ေနအိမ္အလုံး(၂ဝ)ေက်ာ္ မီးရႈိ႕ဖ်က္ဆီးခံရဟု ရဲတပ္ဖြဲ႕ေျပာ
Pearl (NP News) - ေဖေဖာ္ဝါရီ ၂၆
စစ္ကိုင္းတိုင္း၊ အရာေတာ္ၿမိဳ႕တြင္ အၾကမ္းဖက္သမားမ်ားမီးရႈိ႕ဖ်က္ဆီးမႈေၾကာင့္ ေနအိမ္အလုံး(၂ဝ)ေက်ာ္ မီးေလာင္ပ်က္စီး ဆုံးရႈံးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ထံမွသိရသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ(၂၄)ရက္၊ ည(၈)နာရီအခ်ိန္ခန႔္တြင္ အရာေတာ္ၿမိဳ႕နယ္၊ စပါးတြင္းေက်း႐ြာတြင္ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။
အဆိုပါေက်း႐ြာအတြင္းသို႔ အၾကမ္းဖက္သမားအင္အား(၂၅ဝ)ဦးခန႔္မွ အဖြဲ႕မ်ားခြဲ၍ ဝင္ေရာက္လာၿပီး လူေနအိမ္မ်ားအား မီးရႈိ႕ဖ်က္ဆီးသြားျခင္းျဖစ္ေၾကာင္း သိရသည္။
မီးရႈိ႕ခံရမႈေၾကာင့္ ေက်း႐ြာအတြင္းရွိ လူေနအိမ္(၂၃)လုံးမီးေလာင္ပ်က္စီးသြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွဆိုထားသည္။
မီးေလာင္ပ်က္စီးမႈေၾကာင့္ စပါးတြင္းေက်း႐ြာတြင္ ေနထိုင္သည့္ အိမ္ေထာင္စု (၂၃)စုမွ အမ်ိဳးသား(၄၄)ဦးႏွင့္ အမ်ိဳးသမီး (၄၅)ဦးတို႔အား စပါးတြင္းေက်း႐ြာရွိ အေျခခံပညာအလယ္တန္းေက်ာင္းသို႔ ပို႔ေဆာင္ေနရာခ်ထားခဲ့ေၾကာင္း သိရသည္။
အထက္ပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ က်ဴးလြန္သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီးႏိုင္ေရးႏွင့္ ဥပေဒႏွင့္အညီ ထိေရာက္စြာ အေရးယူႏိုင္ရန္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြို့နယ်အချို့တွင် ပစ်ခတ်ခံရမှုများကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် ရာအိမ်မှူး (၄)ဦးထက်မနည်းသေဆုံး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း