မူဆယ်မြို့ရှိ လမ်းဘေးအမှိုက်ပုံအတွင်းမှ ကြိုးတုပ်သတ်ဖြတ်ခံရကာ ပုပ်ပွသေဆုံးနေသော အလောင်း(၃)လောင်းတွေ့ရှိ
သန့်ဇင် (NSS) - အောက်တိုဘာ ၂၂
ရှမ်းပြည်နယ်၊ မူဆယ်မြို့ရှိ လမ်းဘေးအမှိုက်ပုံအတွင်းမှ ကြိုးတုပ်သတ်ဖြတ်ခံရကာ ပုပ်ပွသေဆုံးနေသော အလောင်း(၃)လောင်း တွေ့ရှိခဲ့ကြောင်း လက်ဖက်ညွန့်လူမှုကူညီရေးအသင်းထံမှ သိရသည်။
အဆိုပါအလောင်း (၃)လောင်းကို ယမန်နေ့ (အောက်တိုဘာလ ၂၁ရက်)၊ နံနက် ၁၀နာရီအချိန်တွင် မူဆယ်မြို့၊ ဟိုနောင်ကျေးရွာ၊ ကျင့်စန်ကျော့သွားကားလမ်းဘေးရှိ အမှိုက်ပုံအတွင်းမှ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“တွေ့တဲ့အလောင်းတွေက အမျိုးသား(၂)ဦးနဲ့ အမျိုးသမီးတစ်ဦးပါ။ အမျိုးသား(၂)ဦးကတော့ သားအဖဖြစ်ပြီး အမျိုးသမီးတစ်ဦးကတော့ သူတို့စာရေးမလေးလို့ အဲဒီအလောင်း(၃)လောင်းထဲက အမျိုးသားတစ်ဦးရဲ့ မိန်းမပြောပြတာပါ။ သူတို့က ငွေသိန်း(၁၀၀)ယူပြီး တရုတ်ပြည်ဘက်ကို ပစ္စည်းသွားဝယ်တာ။ (၁၀)ရက်လောက် အဆက်သွယ်မရတော့တာ”ဟု လက်ဖက်ညွန့်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
သေဆုံးအမျိုးသား(၂)ဦးသည် အသက်(၃၀)ဝန်းကျင်နှင့် (၅၅)နှစ်ဝန်းကျင်အရွယ်များဖြစ်ကာ သားအဖတော်စပ်သူများဖြစ်ကြောင်း သိရသည်။
ထို့ပြင် အသက်(၂၀)ကျော်ဝန်းကျင်အမျိုးသမီးတစ်ဦးသည် ၎င်းတို့၏ အလုပ်မှစာရေးမတစ်ဦးဖြစ်ကြောင်း သိရှိရသည်။
“အလောင်းတွေတွေ့တော့ တော်တော်ကို ပုပ်ပွနေတာပေါ့နော်။ သတ်ပြီး ခြေထောက်နဲ့ လက်တွေကို မျော့ကြိုးနဲ့တုပ်တယ်ပြီးတော့ ဆာလာအိတ်ထဲ ထည့်ပစ်ထားတဲ့ ပုံစံမျိုးပေါ့။ ကားနဲ့ ပိုက်ဆံတွေလဲဘာတစ်ခုမှပြန်မတွေ့ရသေးဘူးလို့ ပြောတယ်ဗျ။ ကျန်တာတော့ သက်ဆိုင်ရာက စုံစမ်းနေတုန်းပါ”ဟု ၎င်းကဆက်လက်ပြောသည်။
ထို့နောက် အလောင်းများအား လက်ဖက်ညွန့်လူမှုကူညီရေးအသင်းနှင့် မြင့်မြတ်ပါရမီလူမှုကူညီရေးအသင်းတို့မှ မူဆယ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူများအား ဖော်ထုတ်နိုင်ရေး သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံ၏ ရေအားလျှပ်စစ်စီမံကိန်းများကို ပိုမိုကောင်းမွန်စေရန်အတွက် ကူညီထောက်ပံ့ပေးရန် ရုရှားနိုင်ငံ စိတ်ဝင်စားနေ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း