လှိုင်မြို့နယ်တွင် လမ်းဖြတ်ကူးနေသည့် အမျိုးသားတစ်ဦး ကားတိုက်ခံရ
စော (NP News) - ဖေဖော်ဝါရီ ၂၆
ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၌ လမ်းဖြတ်ကူးနေသည့် အမျိုးသားတစ်ဦး ကားဖြင့်အတိုက်ခံခဲ့ရကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့ (ဖေဖော်ဝါရီလ ၂၆ ရက်)၊ နေ့လည် (၂)နာရီအချိန်ခန့်တွင် လှိုင်မြို့နယ်၊ အမှတ် (၁၆) ရပ် ကွက်၊ ရန်ကုန်အင်းစိန် ကားလမ်းမပေါ်ရှိ ဘုရားလမ်းကားမှတ်တိုင်အနီးတွင် ဖြစ်ပွားခဲ့ကြောင်း ရွှေရောင်သမိုင်းလူမှုကူညီရေးအသင်းမှ သိရသည်။
“ထိခိုက်ဒဏ်ရာရရှိတယ်ဆိုပြီးတော့ အနီးအနားက ကျွန်တော်တို့ကိုဖုန်းဆက်အကြောင်းကြားတဲ့အတွက် အကူအညီပေးခဲ့တာပေါ့။ ဘုရားလမ်းမှတ်တိုင်နားမှာဖြစ်တာပါ။ လမ်းဖြတ်ကူးတဲ့အမျိုးသားကို ကားက တိုက်ပြီးတော့ ထွက်ပြေးသွားတာ ကားကိုတော့မမှီလိုက်ဘူး။ အဲဒီအမျိုးသားကလဲကျပြီးတော့ ဒဏ်ရာရခဲ့တယ် အင်းစိန်ဆေးရုံကို ပို့ပေးခဲ့ပါတယ်” ဟု အဆိုပါအသင်းမှတာဝန်ရှိသူတစ်ဦးက NP News ကိုပြော သည်။
ယာဥ်တိုက်ခံခဲ့ရသော အမျိုးသားအား ရွှေရောင်သမိုင်းအသင်းမှ အင်းစိန်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပြီး အသက်အန္တရာယ် အခြေအနေ စိုးရိမ်စရာမရှိကြောင်း သိရသည်။
လက်ရှိတွင် ယာဥ်တိုက်မှုကျူးလွန်ခဲ့သည့် မော်တော်ယာဥ်အား ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း သိရသည်။
zawgyi version
လႈိင္ၿမိဳ႕နယ္တြင္ လမ္းျဖတ္ကူးေနသည့္ အမ်ိဳးသားတစ္ဦး ကားတိုက္ခံရ
ေစာ (NP News) - ေဖေဖာ္ဝါရီ ၂၆
ရန္ကုန္တိုင္း၊ လႈိင္ၿမိဳ႕နယ္၌ လမ္းျဖတ္ကူးေနသည့္ အမ်ိဳးသားတစ္ဦး ကားျဖင့္အတိုက္ခံခဲ့ရေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယေန႔ (ေဖေဖာ္ဝါရီလ ၂၆ ရက္)၊ ေန႔လည္ (၂)နာရီအခ်ိန္ခန႔္တြင္ လႈိင္ၿမိဳ႕နယ္၊ အမွတ္ (၁၆) ရပ္ ကြက္၊ ရန္ကုန္အင္းစိန္ ကားလမ္းမေပၚရွိ ဘုရားလမ္းကားမွတ္တိုင္အနီးတြင္ ျဖစ္ပြားခဲ့ေၾကာင္း ေ႐ႊေရာင္သမိုင္းလူမႈကူညီေရးအသင္းမွ သိရသည္။
“ထိခိုက္ဒဏ္ရာရရွိတယ္ဆိုၿပီးေတာ့ အနီးအနားက ကြၽန္ေတာ္တို႔ကိုဖုန္းဆက္အေၾကာင္းၾကားတဲ့အတြက္ အကူအညီေပးခဲ့တာေပါ့။ ဘုရားလမ္းမွတ္တိုင္နားမွာျဖစ္တာပါ။ လမ္းျဖတ္ကူးတဲ့အမ်ိဳးသားကို ကားက တိုက္ၿပီးေတာ့ ထြက္ေျပးသြားတာ ကားကိုေတာ့မမွီလိုက္ဘူး။ အဲဒီအမ်ိဳးသားကလဲက်ၿပီးေတာ့ ဒဏ္ရာရခဲ့တယ္ အင္းစိန္ေဆး႐ုံကို ပို႔ေပးခဲ့ပါတယ္” ဟု အဆိုပါအသင္းမွတာဝန္ရွိသူတစ္ဦးက NP News ကိုေျပာ သည္။
ယာဥ္တိုက္ခံခဲ့ရေသာ အမ်ိဳးသားအား ေ႐ႊေရာင္သမိုင္းအသင္းမွ အင္းစိန္ေဆး႐ုံသို႔ပို႔ေဆာင္ေပးခဲ့ၿပီး အသက္အႏၲရာယ္ အေျခအေန စိုးရိမ္စရာမရွိေၾကာင္း သိရသည္။
လက္ရွိတြင္ ယာဥ္တိုက္မႈက်ဴးလြန္ခဲ့သည့္ ေမာ္ေတာ္ယာဥ္အား ဖမ္းဆီးရမိျခင္းမရွိေသးေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အာဏာရူးနေ၍ ပါတီထောင်ခြင်းမဟုတ်ဘဲ နိုင်ငံရေးနည်းလမ်း ပျောက်ကွယ်သွားမည်ကို စိုးရိမ်သည့်အတွက် ကြိုးပမ်းနေခြင်းသာဖြစ်ဟု ဦးကိုကိုကြီးပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း