မြဝတီမြို့၊ သင်္ဃန်းညီနောင်ဓါတ်အားခွဲရုံ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံခဲ့ရကာ မီးလောင်ပျက်စီးမှုများရှိနေ
NP News
ကရင်ပြည်နယ်၊ မြဝတီမြို့၊ သင်္ဃန်းညီနောင်ဓာတ်အားခွဲရုံမှာ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံခဲ့ရပြီး မီးလောင်ပျက်စီးမှုများရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁၆ ရက် ၊ နံနက် ၁ နာရီခွဲကျော်အချိန်ခန့်တွင် မြဝတီမြို့၊ သင်္ဃန်းညီနောင်ဓာတ်အားခွဲရုံတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ညက ၁ နာရီခွဲလောက်မှာဖြစ်တာ။ Drone နဲ့ ဗုံးလာကျဲသွားတာပေါ့။ Main Transformer ကြီးကို ဒရုန်းနဲ့ ဗုံးချသွားတော့ ပေါက်ကွဲသွားတာပေါ့။ Transformer အလုံးကြီးတစ်လုံးလို့ ပြောတယ်။ အကျန်တဲ့ အသေး(၆)လုံးက ဗုံးစလေးတွေ အနည်းငယ်ပဲထိမှန်ထားတော့ ပြဿနာမရှိဘူးလို့ပြောတယ်။ အဓိကတော့ main တစ်လုံးပဲ မီးလောင်သွားတာပေါ့။ ပေါက်ကွဲပြီးတော့ အခုမီးတွေတော့ ပြတ်နေတယ်။ မီးကဖြစ်ကတည်းက ပြတ်တာ အခုအချိန်ထိ မလာဘူး။ မီးပြတ်တာ ကြာမယ်လို့တော့ ပြောတယ်” ဟု မြဝတီမြို့ခံတစ်ဦးက NP News ကိုပြောသည်။
သင်္ဃန်းညီနောင်ဓာတ်အားခွဲရုံအား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု ဒေသခံများက အတည်ပြုပြောဆိုထားသော်လည်း NP News အနေဖြင့် ၎င်းအချက်အလက်အပေါ် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။အဆိုပါဖြစ်စဉ်ကြောင့် လက်ရှိအချိန်တွင် လျှပ်စစ်မီးများပြတ်တောက်လျက်ရှိပြီး လျှပ်စစ်မီးမှာ လနှင့်ချီကာ ပြတ်တောက်နိုင်သည်ဟုပြောဆိုမှုများရှိနေသည့် အတွက် ဒေသခံများအနေဖြင့် စိုးရိမ်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။
အလားတူ ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ်အာရှလမ်းပိုင်း၊ တောနော်ရေတံခွန်အနီးရှိ တံတားတစ်စင်းမှာလည်း မိုင်းခွဲဖျက်ဆီးခြင်းခံခဲ့ရကြောင်း သိရသည်။“အဲဒါကတော့ ဘယ်အချိန်ဖြစ်တယ်ဆိုတာ အတိအကျမသိဘူး။ လမ်းအခြေအနေကတော့ လမ်းကနှစ်လမ်းသွားမှာ မိုင်းခွဲလိုက်တော့ တစ်လမ်းက နိမ့်သွားတာပေါ့။ ဖြစ်တာက တံတားမှာပေါ့ လုံးလုံးပြိုသွားတာတော့ မဟုတ်ဘူး။ တစ်ခြမ်းနိမ့်သွားတာပေါ့။ လက်ရှိမှာတော့ ဟိုဘက်ကားနဲ့ဒီဘက်ကားက ရှောင်သွားနေရတာပေါ့” ဟု ဒေသခံသတင်းအရင်းအမြစ် တစ်ဦးက ပြောသည်။အဆိုပါဖြစ်စဉ်ကြောင့် ယနေ့(ဒီဇင်ဘာ ၁၆ ရက်) တွင် ကားများအနေဖြင့် လမ်းကြောတစ်ခုကိုသာ အသုံးပြုပြီး သတိထား သွားလာနေရကြောင်း ၎င်းက မှတ်ချက်ပြုပြောဆိုထားသည်။
zawgyi version
ျမဝတီၿမိဳ႕၊ သဃၤန္းညီေနာင္ဓါတ္အားခြဲ႐ုံ ဒ႐ုန္းျဖင့္ ဗုံးခ်တိုက္ခိုက္ခံခဲ့ရကာ မီးေလာင္ပ်က္စီးမႈမ်ားရွိေန
NP News
ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕၊ သဃၤန္းညီေနာင္ဓာတ္အားခြဲ႐ုံမွာ ဒ႐ုန္းျဖင့္ ဗုံးခ်တိုက္ခိုက္ခံခဲ့ရၿပီး မီးေလာင္ပ်က္စီးမႈမ်ားရွိခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။ျဖစ္စဥ္မွာ ဒီဇင္ဘာလ ၁၆ ရက္ ၊ နံနက္ ၁ နာရီခြဲေက်ာ္အခ်ိန္ခန႔္တြင္ ျမဝတီၿမိဳ႕၊ သဃၤန္းညီေနာင္ဓာတ္အားခြဲ႐ုံတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ညက ၁ နာရီခြဲေလာက္မွာျဖစ္တာ။ Drone နဲ႔ ဗုံးလာက်ဲသြားတာေပါ့။ Main Transformer ႀကီးကို ဒ႐ုန္းနဲ႔ ဗုံးခ်သြားေတာ့ ေပါက္ကြဲသြားတာေပါ့။ Transformer အလုံးႀကီးတစ္လုံးလို႔ ေျပာတယ္။ အက်န္တဲ့ အေသး(၆)လုံးက ဗုံးစေလးေတြ အနည္းငယ္ပဲထိမွန္ထားေတာ့ ျပႆနာမရွိဘူးလို႔ေျပာတယ္။ အဓိကေတာ့ main တစ္လုံးပဲ မီးေလာင္သြားတာေပါ့။ ေပါက္ကြဲၿပီးေတာ့ အခုမီးေတြေတာ့ ျပတ္ေနတယ္။ မီးကျဖစ္ကတည္းက ျပတ္တာ အခုအခ်ိန္ထိ မလာဘူး။ မီးျပတ္တာ ၾကာမယ္လို႔ေတာ့ ေျပာတယ္” ဟု ျမဝတီၿမိဳ႕ခံတစ္ဦးက NP News ကိုေျပာသည္။
သဃၤန္းညီေနာင္ဓာတ္အားခြဲ႐ုံအား ဒ႐ုန္းျဖင့္ ဗုံးခ်တိုက္ခိုက္ခံရျခင္းျဖစ္သည္ဟု ေဒသခံမ်ားက အတည္ျပဳေျပာဆိုထားေသာ္လည္း NP News အေနျဖင့္ ၎အခ်က္အလက္အေပၚ သီးျခားအတည္ျပဳႏိုင္ျခင္းမရွိေသးေပ။အဆိုပါျဖစ္စဥ္ေၾကာင့္ လက္ရွိအခ်ိန္တြင္ လွ်ပ္စစ္မီးမ်ားျပတ္ေတာက္လ်က္ရွိၿပီး လွ်ပ္စစ္မီးမွာ လႏွင့္ခ်ီကာ ျပတ္ေတာက္ႏိုင္သည္ဟုေျပာဆိုမႈမ်ားရွိေနသည့္ အတြက္ ေဒသခံမ်ားအေနျဖင့္ စိုးရိမ္လ်က္ရွိေၾကာင္း ၎က ဆက္လက္ေျပာသည္။အလားတူ ကရင္ျပည္နယ္၊ ျမဝတီ-ေကာ့ကရိတ္အာရွလမ္းပိုင္း၊ ေတာေနာ္ေရတံခြန္အနီးရွိ တံတားတစ္စင္းမွာလည္း မိုင္းခြဲဖ်က္ဆီးျခင္းခံခဲ့ရေၾကာင္း သိရသည္။“အဲဒါကေတာ့ ဘယ္အခ်ိန္ျဖစ္တယ္ဆိုတာ အတိအက်မသိဘူး။ လမ္းအေျခအေနကေတာ့ လမ္းကႏွစ္လမ္းသြားမွာ မိုင္းခြဲလိုက္ေတာ့ တစ္လမ္းက နိမ့္သြားတာေပါ့။ ျဖစ္တာက တံတားမွာေပါ့ လုံးလုံးၿပိဳသြားတာေတာ့ မဟုတ္ဘူး။ တစ္ျခမ္းနိမ့္သြားတာေပါ့။ လက္ရွိမွာေတာ့ ဟိုဘက္ကားနဲ႔ဒီဘက္ကားက ေရွာင္သြားေနရတာေပါ့” ဟု ေဒသခံသတင္းအရင္းအျမစ္ တစ္ဦးက ေျပာသည္။အဆိုပါျဖစ္စဥ္ေၾကာင့္ ယေန႔(ဒီဇင္ဘာ ၁၆ ရက္) တြင္ ကားမ်ားအေနျဖင့္ လမ္းေၾကာတစ္ခုကိုသာ အသုံးျပဳၿပီး သတိထား သြားလာေနရေၾကာင္း ၎က မွတ္ခ်က္ျပဳေျပာဆိုထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂျပန်နိုင်ငံရှိ စက်ရုံ၊ ကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်ရန် မြန်မာလုပ်သား(၆ဝဝ)ကျော် ခေါ်ယူသွားမည်ဟု တိုကျိုမြို့ရှိ မြန်မာသံရုံး ထုတ်ပြန်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း