အမေရိကန်မီဒီယာများအပေါ် ပြည်သူများ၏ယုံကြည်မှုများ သိသိသာသာကျဆင်းနေ
Pika (NSS) - အောက်တိုဘာလ ၂၁
အမေရိကန်နိုင်ငံသား(၃၂)ရာခိုင်နှုန်းကသာ မီဒီယာများအပေါ်ယုံကြည်ချက်ရှိပြီး အခြား (၃၉)ရာခိုင်နှုန်းက မီဒီယာများအပေါ်ယုံကြည်ခြင်းမျိုးမရှိကြောင်း Gallup ကုမ္ပဏီက ထုတ်ပြန်လိုက်သော စစ်တမ်းတစ်ခုအရ သိရသည်။
မီဒီယာများအပေါ် ပိုမိုယုံကြည်ချက်ရှိသော ဒီမိုကရက်တစ်ပါတီဝင်များသည် ပြီးခဲ့သည့်နှစ်တွင် သတင်းမီဒီယာများအပေါ် ယုံကြည်ချက်ကျဆင်းခဲ့ပြီး ဒီမိုကရက်တစ်ပါတီဝင်(၅၈) ရာခိုင်နှုန်းကသာ မီဒီယာများအပေါ် ယုံကြည်ကြောင်း ပြသခဲ့ကြသည်။ အဆိုပါကိန်းဂဏန်းသည် (၂၀၂၂)ခုနှစ်က ကောက်ယူခဲ့သော ကိန်းဂဏန်းများထက် (၁၂)မှတ်ကျဆင်းသွားခဲ့ကြောင်းသိရသည်။ အောက်တိုဘာလ(၂၀)ရက်က ပြုလုပ်ခဲ့သောစစ်တမ်းအရ ရီပတ်ဘလစ်ကန်ပါတီဝင်(၁၁)ရာခိုင်နှုန်းကသာ မီဒီယာများအပေါ် ယုံကြည်မှုရှိကြောင်းသိရသည်။
ထို့ပြင် ဒီမိုကရက်တစ်ပါတီဝင်များ နှင့် ရီပတ်ဘလစ်ကန်ပါတီဝင်များကြား မီဒီယာများအပေါ် ယုံကြည်မှုကွာဟချက် (၄၇)မှတ်သည် ၂၀၁၆ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးဖြစ်ပြီး ရီပတ်ဘလစ်ကန်ပါတီဝင်များ၏ မီဒီယာများအပေါ် ယုံကြည်မှုသိသိသာသာကျဆင်းလာခဲ့ခြင်းမျိုးဖြစ်ကြောင်းသိရသည်။ ပြီးခဲ့သည့်ဇူလိုင်လတွင် Gallup ကုမ္ပဏီက ပြုလုပ်ခဲ့သော စစ်တမ်းတွင် ဖြေဆိုသူ(၁၈)ရာခိုင်နှုန်းက သတင်းစာများအပေါ် ယုံကြည်ချက်ရှိပြီး အခြားလူ(၁၆)ရာခိုင်နှုန်းက ရုပ်မြင်သံကြား သတင်းများအပေါ် ယုံကြည်ချက်ရှိကြောင်းသိရသည်။
မီဒီယာတည်ထောင်မှုလုပ်ငန်းများနှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများသည် နှစ်ပေါင်းများစွာ ၎င်းတို့၏ လုပ်ငန်းနယ်ပယ်များအပေါ် လူအများ၏မယုံကြည်မှုများ ကြီးထွားလာခြင်းနှင့်ပတ်သက်ပြီး ကြောက်ရွံ့မှုများရှိနေသော်လည်း လက်ရှိအချိန်အထိ ၎င်းတို့၏လမ်း ကြောင်းများကို ပြောင်းလဲနိုင်ခြင်းမျိုးမရှိသေးကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မန်စီးတီး နည်းပြအသစ်ဖြစ်လာနိုင်မည့်သူကို ခန့်မှန်းပြောဆိုလိုက်သော နည်းပြဂွါဒီယိုလာ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း