ကောလင်းမြို့နယ်၌ ဒေသခံ(၂)ဦးကို PDF အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်ကာ အမျိုးသမီးတစ်ဦးအား လမ်းပေါ်တွင်သတ်ဖြတ်ခဲ့
NSS - အောက်တိုဘာ ၂၁
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၌ ဒေသခံ(၂)ဦးကို PDF အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်ကာ အမျိုးသမီးတစ်ဦးအား ကျေးရွာလမ်းပေါ်တွင် သတ်ဖြတ်သွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော အောက်တိုဘာလ ၁၈ ရက်၊ နံနက် ၅နာရီခွဲအချိန်တွင် ကောလင်းမြို့နယ်၊ ကောလင်း-ဥက္ကံရွာသွားလမ်းပေါ်ရှိ ခေါပြင်ချောင်းအနီးတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ကောလင်းမြို့၊ မင်းတဲကြီးရပ်ကွက်တွင် နေထိုင်သည့် ဒေါ်ပိုးဒါလီ(၃၀)နှစ်နှင့် ဦးမိုးနိုင်(၄၅) နှစ်တို့သည် ၎င်းတို့နေအိမ်၌ရှိနေစဉ် PDF အဖွဲ့အင်အား ၁၀ဦးမှ ရောက်ရှိလာကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
ထို့နောက် အထက်ပါလမ်းပေါ်အရောက်၌ ဒေါ်ပိုးဒါလီအား သေနတ်၊ ဓားတို့ဖြင့်ပစ်ခတ်ထိုးခုတ်သတ်ဖြတ်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ထိုသို့ ထိုးခုတ်သတ်ဖြတ်ခံရမှုကြောင့် ဒေါ်ပိုးဒါလီတွင် ဝဲပါး၊ ရင်ညွန့်တို၌ ထိုးသွင်းဒဏ်ရာ (၂) ချက်နှင့် ဝဲပေါင်၌ ကျည်ဖောက် ဝင်ဒဏ်ရာ တစ်ချက်ရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ပြီး ဦးမိုးနိုင်အား ရွာမကျေးရွာဘက်သို့ ဆက်လက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဖမ်းဆီးခံထားရသည့် ဦးမိုးနိုင်အား ပြန်လည်ကယ်တင်နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်းနှင့် သတ်ဖြတ်မှု ကျူးလွန်သူများအား ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်မီဒီယာများအပေါ် ပြည်သူများ၏ယုံကြည်မှုများ သိသိသာသာကျဆင်းနေ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း