FDA က စားသုံးရန်မသင့်သည့် ကုန်စည် ၁၉၀ ကျော်ကို ထုတ်လုပ်သည့်လုပ်ငန်းများအား အရေးယူထား
ပုံစာ - FDA က ဈေးကွက်အတွင်းရောင်းချနေသည့် ကုန်စည်များအား စစ်ဆေးစဉ်
NSS - အောက်တိုဘာ ၂၁
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ ဈေးကွက်အတွင်းရောင်ချနေသည့် ကုန်စည်များမှ သုံးစွဲရန်မသင့်လျော်သော ကုန်စည်များကိုထုတ်လုပ်သည်လုပ်ငန်း များအား ဆက်သွယ်အရေးယူထားကြောင်း သိရသည်။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)သည် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော အစားအသောက်များကို စစ်ဆေးလျက်ရှိရာ ၂၀၂၃ ခုနှစ် နှစ်စမှ ဇွန်လအထိ ကောက်ယူခဲ့သည့် နမူနာပေါင်း ၃၂၀၀ ကျော်တွေ့ရှိခဲ့ကြောင်း သိရသည်။
သုံးစွဲရန်မသင့်သောကုန်စည်များထဲမှ ထုတ်လုပ်ရောင်းချသူကိုမရှာဖွေနိုင်သည့် စားသောက် ကုန်စည် ၁၉ မျိုးကို စားသုံးရန်မသင့်သောကုန်စည်အဖြစ် ထုတ်ပြန်ကြေညာထားကြောင်းသိရသည်။
“ကောက်ယူခဲ့တဲ့ နမူနာပေါင်း ၃၂၀၀ ကျော်ထဲမှာ နမူနာ ၂၁၀ လောက်ပေါ့။ အဲဒီမှာ စားသုံးရန် မသင့်တဲ့ နမူနာဟာ ၇ ရာခိုင်နှုန်းလောက်ရှိတယ်။ အဲဒီ ၂၁၀ လောက်ထဲမှာ ဘယ်နေရာက ထုတ်တယ်၊ ဘယ်သူက ထုတ်လုပ်တယ်လို့ မသိတဲ့ အမျိုးအစား ၁၉ မျိုးကို ကြေညာတာပါ။ ဒါကလည်း အများပြည်သူတွေ ဆင်ခြင်နိုင်အောင် ထုတ်ပြန်ခြင်းဖြစ်ပါတယ်။ ကျန်တဲ့ သိတဲ့ဟာတွေကတော့ အရေးယူဆောင်ရွက်မှုကို သက်ဆိုင်ရာ လုပ်ငန်းဆီကို သွားတယ်။ စားသုံးရန်မသင့်တဲ့ အစားအသောက်တွေကို ထုတ်လုပ်မှု ပိတ်တယ်။ ပိတ်ပြီးရင် သူတို့ကို ပြန်လည် ပြင်ဆင်စေတယ်။ ပြန်ပြီး စစ်ဆေးပြီးမှ ပြန်ထုတ်လုပ်ခွင့်ပြုထားတယ်” ဟု FDA မှ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
FDA အနေဖြင့် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော အစားအသောက်များကို ဈေးများ၊ ကျောင်းမုန့်ဈေးတန်းများမှ ဝယ်ယူစစ်ဆေးနေကြောင်း သိရသည်။
အစားအသောက် ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသူများသည် အစားအသောက်တွင် သုံးစွဲရန် ခွင့်မပြုသော ဆိုးဆေးများ၊ ခွင့်မပြုထားသော တာရှည်ခံ ဓာတုပစ္စည်းများကို လုံးဝအသုံးမပြုရန်၊ ခွင့်ပြုအစားအသောက်အတွင်း ထပ်ဖြည့်ပစ္စည်းများကို သတ်မှတ် ပမာဏအတွင်းသာ အသုံးပြုရန်နှင့် လိုက်နာဆောင်ရွက်ခြင်း မရှိပါက အမျိုးသားအစားအသောက် ဥပဒေပုဒ်မ ၂၈ (က)အရ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကန့်ဘလူမြို့နယ်၊ ကူတောင်ဘုန်းကြီးကျောင်းရှိ စားနပ်ရိက္ခာနှင့် ဆိုင်ကယ်များကို PDF အဖွဲ့ဝင်များက အတင်းအဓမ္မ ယူဆောင်မှုဖြစ်ပွား
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း