အုတ်တွင်းမြို့နယ်တွင် ဆယ်ကျော်သက်မိန်းကလေးတစ်ဦး အဆိပ်သောက် အဆုံးစီရင်မှု ဖြစ်ပွား
Pearl (NP News) - ဖေဖော်ဝါရီ ၂၆
ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်တွင် မိန်းကလေးတစ်ဦး အဆိပ်သောက်ပြီး အဆုံးစီရင်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ (၂၅)ရက်၊ ညနေ (၃)နာရီ အချိန်ခန့်တွင် အုတ်တွင်းမြို့နယ်၊ တောင်ညိုကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း ရင်ခုန်သံရှင်ရေးကူညီမှုအသင်းထံမှ သိရသည်။
သေဆုံးသူ မိန်းကလေးသည် ရွှေသန့်စင်ရာတွင် အသုံးပြုသည့် ဆေးတောင့်အားသောက်၍ မိမိကိုယ်ကို အဆုံးစီရင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ရွှေသန့်စင်တဲ့ဆေးတောင့် အက်ဆစ်လိုမျိုးပေါ့ အဲ့တာကို သောက်လိုက်တာလို့ပြောတယ်။ ရွာကလူတွေပြောတာတော့ သူ့မိဘ(၂)ပါးက ခဏခဏရန်ဖြစ်တယ်၊ သူ့အဖေက အမေကို ရိုက်တာ မျက်နှာတွေ ဖူးယောင် နေတယ်ပြောတယ်၊ အဲ့တာတွေလည်း စိတ်ခံစားချက်ရှိမှာပေါ့။ အဲ့မနက်ကလည်း ကလေးမကို ပဲနှုတ်မသွားခိုင်းဘူးတဲ့။ ဘာလို့မသွားခိုင်းလည်းတော့မသိဘူး" ဟု ရင်ခုန်သံရှင်ရေးကူညီမှု အသင်း၏ တာဝန်ရှိသူတစ်ဦးမှ NP News ကို အတည်ပြုပြောဆိုထားသည်။
အဆိုပါ မိန်းကလေးအား တောင်ညိုကျေးရွာရှိ ဘုန်းကြီးကားဖြင့် အုတ်တွင်းဆေးရုံသို့ လာရောက်ပြသခဲ့သော်လည်း မိန်းကလေးမှာ ဆေးရုံအရောက်တွင် သေဆုံးခဲ့ကြောင်း ၎င်းမှ ဆက်လက်ပြောဆိုထားသည်။
သေဆုံးသူ မိန်းကလေးမှာ မရှိုင်းနဒီလှိုင်း (၁၆)နှစ်ဖြစ်ပြီး အုတ်တွင်းမြို့နယ်၊ တောင်ညိုကျေးရွာတွင် နေထိုင်ကြောင်း သိရသည်။
အလားတူ အဆိုပါနေ့ နေ့လည်ပိုင်း၌ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်လည်း မိသားစုပြဿနာကြောင့် အသက်(၁၇)နှစ်အရွယ် ကျောင်းသူတစ်ဦး ကြိုးဆွဲချအဆုံးစီရင်မှု ဖြစ်ပွားခဲ့သည်။
zawgyi version
အုတ္တြင္းၿမိဳ႕နယ္တြင္ ဆယ္ေက်ာ္သက္မိန္းကေလးတစ္ဦး အဆိပ္ေသာက္ အဆုံးစီရင္မႈ ျဖစ္ပြား
Pearl (NP News) - ေဖေဖာ္ဝါရီ ၂၆
ပဲခူးတိုင္း၊ အုတ္တြင္းၿမိဳ႕နယ္တြင္ မိန္းကေလးတစ္ဦး အဆိပ္ေသာက္ၿပီး အဆုံးစီရင္မႈ ျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ေဖေဖာ္ဝါရီလ (၂၅)ရက္၊ ညေန (၃)နာရီ အခ်ိန္ခန႔္တြင္ အုတ္တြင္းၿမိဳ႕နယ္၊ ေတာင္ညိဳေက်း႐ြာတြင္ ျဖစ္ပြားခဲ့ေၾကာင္း ရင္ခုန္သံရွင္ေရးကူညီမႈအသင္းထံမွ သိရသည္။
ေသဆုံးသူ မိန္းကေလးသည္ ေ႐ႊသန႔္စင္ရာတြင္ အသုံးျပဳသည့္ ေဆးေတာင့္အားေသာက္၍ မိမိကိုယ္ကို အဆုံးစီရင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
"ေ႐ႊသန႔္စင္တဲ့ေဆးေတာင့္ အက္ဆစ္လိုမ်ိဳးေပါ့ အဲ့တာကို ေသာက္လိုက္တာလို႔ေျပာတယ္။ ႐ြာကလူေတြေျပာတာေတာ့ သူ႔မိဘ(၂)ပါးက ခဏခဏရန္ျဖစ္တယ္၊ သူ႔အေဖက အေမကို ႐ိုက္တာ မ်က္ႏွာေတြ ဖူးေယာင္ ေနတယ္ေျပာတယ္၊ အဲ့တာေတြလည္း စိတ္ခံစားခ်က္ရွိမွာေပါ့။ အဲ့မနက္ကလည္း ကေလးမကို ပဲႏႈတ္မသြားခိုင္းဘူးတဲ့။ ဘာလို႔မသြားခိုင္းလည္းေတာ့မသိဘူး" ဟု ရင္ခုန္သံရွင္ေရးကူညီမႈ အသင္း၏ တာဝန္ရွိသူတစ္ဦးမွ NP News ကို အတည္ျပဳေျပာဆိုထားသည္။
အဆိုပါ မိန္းကေလးအား ေတာင္ညိဳေက်း႐ြာရွိ ဘုန္းႀကီးကားျဖင့္ အုတ္တြင္းေဆး႐ုံသို႔ လာေရာက္ျပသခဲ့ေသာ္လည္း မိန္းကေလးမွာ ေဆး႐ုံအေရာက္တြင္ ေသဆုံးခဲ့ေၾကာင္း ၎မွ ဆက္လက္ေျပာဆိုထားသည္။
ေသဆုံးသူ မိန္းကေလးမွာ မရႈိင္းနဒီလႈိင္း (၁၆)ႏွစ္ျဖစ္ၿပီး အုတ္တြင္းၿမိဳ႕နယ္၊ ေတာင္ညိဳေက်း႐ြာတြင္ ေနထိုင္ေၾကာင္း သိရသည္။
အလားတူ အဆိုပါေန႔ ေန႔လည္ပိုင္း၌ ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕တြင္လည္း မိသားစုျပႆနာေၾကာင့္ အသက္(၁၇)ႏွစ္အ႐ြယ္ ေက်ာင္းသူတစ္ဦး ႀကိဳးဆြဲခ်အဆုံးစီရင္မႈ ျဖစ္ပြားခဲ့သည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံကူးလက်မှတ်ပြုလုပ်ရာတွင် စာအုပ်ကြေးအဖြစ် ဘတ်(၈ဝဝ)အစား ဘတ်(၁၂၅ဝ) ပေးသွင်းရမည်ဖြစ်ဟု မြန်မာသံရုံးကြေညာ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း