ရှမ်းတောင်ပိုင်း လင်းခေးနယ်တွင် မီးရှူးမီးပန်းများပေါက်ကွဲမှုကြောင့် လူနှစ်ဦးသေဆုံး
NSS - အောက်တိုဘာ ၁၉
ရှမ်းပြည်နယ် တောင်ပိုင်း လင်းခေးမြို့နယ်၊ ဝမ်ဟတ်ကျေးရွာအုပ်စု၊ ဝမ်ဟတ်ကျေးရွာတွင် အောက်တိုဘာလ ၁၈ ရက်၊ နံနက်ပိုင်းက မီးရှူးမီးပန်များပေါက်ကွဲမှုကြောင့် လူနှစ်ဦး ထိခိုက်သေဆုံးခဲ့ကြောင်း လူမှုကူညီရေးအဖွဲ့များထံမှ သိရသည်။
ဖြစ်စဉ်မှာ နံနက် ၉ နာရီ အချိန်ခန့်က ဦးစိုင်းဆိုင်လင်း၏ နေအိမ်ဈေးဆိုင်၌ မီးရှူးမီးပန်းများ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အဆိုပေါက်ကွဲမှုကြောင့် ဦးစိုင်းဆိုင်လင်းတွင် ဝဲခြေကျိုးပြတ်၊ လည်ပင်းပြတ်ရှ ၊ ဦးခေါင်းဘယ်ခြမ်းပွင့်ထွက် ဒဏ်ရာနှင့် မျက်နှာချင်းဆိုင်နေအိမ်အရှေ့တွင် နေထိုင်သည့် ဒေါ်မယ်ထောက်လံတွင် လည်ပင်းပြတ်ရှ၊ ဘယ်ရင်အုံပေါက်ထွက်ဒဏ်ရာများ အသီးသီးရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
“ဆိုင်ကယ်သုံးဘီးပေါ်တင်ထားတဲ့ မီးရှူးမီးပန်းတွေကတဆင့် မီးလောင်ပေါက်ကွဲတာလို့ ပတ်ဝန်းကျင်ကပြောတယ်။ အမှန်ကယ်ဖြစ်စဉ်ကိုတော့ တိတိကျကျမသိရသေးဘူး”ဟု ဒေသခံပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
ဖြစ်စဥ်နှင့်ပတ်သက်ပြီး လင်းခေးခရိုင် လုံခြုံရေးအဖွဲ့မှတပ်ဖွဲ့ဝင်တစ်ဦးက "သီတင်းကျွတ်ပွဲအတွက် လုပ်ထားတဲ့ မီးရှူးမီးပန်းတွေ ပေါက်ကွဲတာဖြစ်တယ်။ မီးရှူး မီးပန်းတွေ အခုလိုဘာလို့ ပေါက်ကွဲရသလဲဆိုတော့ ဆေးလိပ်မီးကျရင်လဲဖြစ်နိုင်တယ်၊ နေရောင်ခြည်ကျရောက်ရင်လည်း ပေါက်ကွဲစေနိုင်တယ်၊ အခုတော့ စိစစ်နေတုန်း"ဟု ပြောသည်။
ယခင်နှစ်များက ရှမ်းပြည်နယ်တွင် သီးတင်းကျွတ်နှင့်တန်ဆောင်တိုင် မီးထွန်းပွဲတော်များ၌ မီးရှူး မီးပန်းဗြောက်အိုး၊ ရှူးဒိုင်းစသည်များ ပေါက်ကွဲခြင်းကြောင့် လူ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှု၊ ဒဏ်ရာရမှုဖြစ်စဉ်များရှိခဲ့ကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် နီးစပ်သူများထံမှသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပိုးလမ်းမရပ်ဝန်းစီမံကိန်းအတွက် ရန်ပုံငွေသစ် အမေရိကန်ဒေါ်လာ(၁၀၀)ဘီလျံ ထည့်သွင်းသွားမည်ဖြစ်ကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်ကြေညာ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း