နိုင်ငံပိုင်ရေနံချက်စက်ရုံများမှ ရေနံထွက်ပစ္စည်းထုတ်လုပ်မှုသည် ပြည်တွင်းသုံးစွဲမှု၏ (၃)ရာခိုင်နှုန်းခန့်သာ ထုတ်လုပ်နိုင်
မျိုးကြီး (NSS) - အောက်တိုဘာ ၁၈
နိုင်ငံပိုင်ရေနံချက်စက်ရုံများမှ ရေနံထွက်ပစ္စည်းထုတ်လုပ်မှုသည် ပြည်တွင်းသုံးစွဲမှု၏ (၃)ရာခိုင်နှုန်းခန့်သာ ထုတ်လုပ်နိုင်ကြောင်း စွမ်းအင်ဝန်ကြီးက ပြောသည်။
စွမ်းအင်ဝန်ကြီးဦးကိုကိုလွင်က ယမန်နေ့(အောက်တိုဘာလ ၁၇ရက်)တွင် ရန်ကုန်တိုင်း၊ သန်လျင်မြို့ နယ်ရှိ အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်)ကို သွားရောက်စစ်ဆေးစဉ် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အကြောင်းအမျိုးမျိုးကြောင့် ရပ်ဆိုင်းထားခဲ့ရသည့် ရေနံချက်စက်ရုံများကို ပြန်လည်လည်ပတ်နိုင်ရေးအတွက် လက်ရှိတွင် နစကအနေဖြင့် စီစဉ်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
စက်ရုံများ ရပ်ဆိုင်းထားသည့်အတွက် ပစ္စည်းကိရိယာများ ပိုမိုပျက်စီးယိုယွင်းမှုများဖြစ်ပေါ်လျက်ရှိပြီး ၎င်းတို့ကို ပြန်လည် လည်ပတ်နိုင်ရေး ကြိုးစားရမည်ဖြစ်ကြောင်း နှင့် တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ် လုပ်နိုင်ရေး နည်းလမ်းများရှာဖွေဖြေရှင်းသွားရမည်ဖြစ်ကြောင်း ဝန်ကြီးဦးကိုကိုလွင်က တိုက်တွန်းထားသည်။
လက်ရှိတွင် နိုင်ငံပိုင်ရေနံချက်စက်ရုံများ၏ ရေနံထွက်ပစ္စည်းများထုတ်လုပ်မှုသည် ပြည်တွင်းသုံးစွဲမှု၏ (၃)ရာခိုင်နှုန်းခန့်သာ ထုတ်လုပ်ပေးနိုင်သည့်အတွက် ပြည်တွင်းစက်သုံးဆီသုံးစွဲမှုကို ပြည်ပမှတင်သွင်းဖြန့်ဖြူးရလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။
နှစ်စဉ် မြန်မာနိုင်ငံ၏ လောင်စာဆီနှင့်သဘာဝဓာတ်ငွေ့တင်သွင်းမှုအသုံးစရိတ်သည် အမေရိကန်ဒေါ်လာ (၂) ဘီလျံခန့်ရှိကြောင်း နစက၏ သတင်းအချက်အလက်များအရ သိရသည်။
မြန်မာနိုင်ငံတွင် ရေနံချက်စက်ရုံအသစ်တစ်ခုတည်ဆောက်ရန်အတွက် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ဆွေးနွေးနေမှုများရှိကြောင်း သိရသည်။
ရေနံချက်စက်ရုံအသစ် တည်ဆောက်ရာတွင် ရေနံထွက်ပစ္စည်းအမျိုးမျိုး ချက်လုပ်နိုင်သည့် Petrochemical Complex အဆင့်အထိ တည်ဆောက်နိုင်ရန်မျှော်မှန်းထားပြီး လိုအပ်သော နည်းပညာနှင့်အရင်းအနှီးများကို နိုင်ငံတကာကုမ္ပဏီများအား ဖိတ်ခေါ်ကာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း စွမ်းအင်ဝန်ကြီးဦးကိုကိုလွင်က ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မန္တလေးမြို့၌ CELSIOR ကားပေါ်မှ ငွေကျပ်သိန်း(၉၅၀၀)တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံးများ ဖမ်းဆီးရမိ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း