မန္တလေးမြို့၌ CELSIOR ကားပေါ်မှ ငွေကျပ်သိန်း(၉၅၀၀)တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံးများ ဖမ်းဆီးရမိ
သန့်ဇင် (NSS) - အောက်တိုဘာ ၁၈
မန္တလေးတိုင်း၊ သာစည်မြို့နယ်၌ CELSIOR ကားပေါ်တွင် သယ်ဆောင်လာသည့် ငွေကျပ်သိန်း(၉၅၀၀) တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်အဖွဲ့က ပြီးခဲ့သော အောက်တိုဘာလ ၁၄ ရက်၊ နံနက် ၇နာရီအချိန်တွင် သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် အထက်ပါကဲ့သို့ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာအနီးတွင် တောင်ကြီးမြို့မှ သာစည်မြို့သို့ ဦးတင်မောင် မောင်းနှင်လာသည့် CELSIOR ကားအား ရှာဖွေခဲ့ရာ ကားပေါ်တွင် သယ်ဆောင်လာသည့် ငွေကျပ်သိန်း(၉၅၀၀)တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး(၁၀၀) အလေးချိန်(၃၈)ကီလိုကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
၎င်းဖမ်းဆီးရမိ ဘိန်းဖြူဘလောက်တုံးများကို ညောင်ရွှေမြို့နယ်မှ တပ်ကုန်းမြို့နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်းလည်း စစ်ဆေးဖော်ထုတ်ချက်အရ သိရသည်။
ထို့ကြောင့် ၎င်းအား ဥပဒေအရအရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးရောက်မြန်မာများ မိခင်နိုင်ငံသို့ပြန်လိုပါက အောက်တိုဘာလ(၂၄)ရက် နောက်ဆုံးထားကာ သံရုံးသို့ ဆက်သွယ်ရန်အသိပေး
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း