အစ္စရေးရောက်မြန်မာများ မိခင်နိုင်ငံသို့ပြန်လိုပါက အောက်တိုဘာလ(၂၄)ရက် နောက်ဆုံးထားကာ သံရုံးသို့ ဆက်သွယ်ရန်အသိပေး
Pearl (NSS) - အောက်တိုဘာ ၁၈
အစ္စရေးနိုင်ငံရောက် မြန်မာနိုင်ငံသားများ မိခင်နိုင်ငံသို့ပြန်လိုပါက အောက်တိုဘာလ(၂၄)ရက်နောက်ဆုံးထားကာ သံရုံးသို့ ဆက်သွယ်ရန်ကြေညာထားသည်။
အစ္စရေးနိုင်ငံ၊ တဲလ်အဗီးမြို့အခြေစိုက် မြန်မာသံရုံးက ယမန်နေ့ (အောက်တိုဘာလ ၁၇ ရက်) တွင် အထက်ပါကဲ့သို့ အသိပေးကြေညာထားခြင်းဖြစ်သည်။
အစ္စရေး၌ လက်ရှိဖြစ်ပွားနေသော စစ်ပွဲအခြေအနေများအရ နိုင်ငံနေရာအနှံ့တွင် စစ်ရှိန်မြင့်လာပြီး အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာလျက်ရှိခြင်းကြောင့် နိုင်ငံအသီးသီးမှ အစ္စရေးရောက် ပြည်ပနိုင်ငံသားများ သောင်းနှင့်ချီ၍ နေရပ်သို့ ပြန်လည်ထွက်ခွာနေကြောင်း သိရသည်။
နယ်စပ်ဒေသများရှိ Kibbutz နှင့် Moshav များတွင် အများဆုံးဝင်ရောက် ပစ်ခတ်သတ်ဖြတ်ခံနေရပြီး အစ္စရေးရောက် မိမိတို့မြန်မာနိုင်ငံသားများအနေဖြင့်လည်း ဘေးဒုက္ခအန္တရာယ်ကြီးမားစွာကြုံတွေ့လာရနိုင်ကြောင်း သုံးသပ်ရရှိသည်ဟု မြန်မာသံရုံးက ဆိုသည်။
ထို့ကြောင့် အစ္စရေးနိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသားများမှ ယင်းနေရာများတွင် လုပ်ကိုင်နေ ထိုင်ကြသူများ နှင့် အန္တရာယ်ရှိသော အရပ်ဒေသများတွင် နေထိုင်ကြသူများအနေဖြင့် ဘေးကင်းလုံခြုံရာနေရာသို့ ရွှေ့ပြောင်းနေထိုင်ကြရန် ထပ်မံ အသိပေးထုတ်ပြန်ထားသည်။
ထို့ပြင် အစ္စရေးနိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသော မြန်မာနိုင်ငံသားများအနေဖြင့် အခက်အခဲကြုံတွေ့ရခြင်း၊ ဘေးဒုက္ခရောက်ရှိခြင်းတို့ကြောင့် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလိုသူများအတွက်လည်း ကယ်ဆယ်ရေးလေယာဉ် စေလွှတ်ပေးမည်ဟု မြန်မာသံရုံးက ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်ပြန်ထားပြီးဖြစ်သည်။
ထို့ကြောင့် ပြန်လည်ထွက်ခွာလိုသူများအနေဖြင့် မြန်မာသံရုံး၏ ရုံးဖုန်း (၉၇၂)(၃) ၅၁၇ဝ၇၆ဝ ၊ ရုံးဖုန်း (၉၇၂)(၃) ၅၁၆၃၃၆၄ နှင့် Hot Line ဝ၅၈ ၇၈၉၉၁၇၇ ၊ ၀၅၈ ၄၀၈၁၃၄၇ ဖုန်းနံပါတ်များသို့ လာမည့် အောက်တိုဘာလ (၂၄)ရက် နောက်ဆုံးထား၍ အမည်စာရင်းပေးသွင်းရန် မြန်မာသံရုံးက တိုက်တွန်းအသိပေးထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂါဇာဒေသဆေးရုံမှာ လူပေါင်းရာချီသေဆုံးစေခဲတဲ့ တိုက်ခိုက်မှုများဖြစ်လာခြင်းအပေါ် အမေရိကန်သမ္မတဂျိုးဘိုင်ဒန် စိတ်ဆိုးဒေါသဖြစ်နေ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ