အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Oct-16 / 7:00 PM)
ဂျန်ဇက် (NSS) - အောက်တိုဘာ ၁၆
လက်ဘနွန်အခြေစိုက်အခြေစိုက် ဟစ်ဘိုလာအဖွဲ့တွေဟာ အစ္စရေးနိုင်ငံပိုင်နက်ထဲကို ရော့ကတ်ဒုံးကျည်တွေနဲ့ ပစ်ခတ်နေရာ နယ်စပ်ဒေသမှာ တပ်ဆင်ထားတဲ့ အစ္စရေးစစ်တပ်ရဲ့ထောက်လှမ်းရေးကင်မရာများကို ဖျက်ဆီးနိုင်ခဲ့ ကြောင်း သတင်းထုတ်ပြန်လိုက်ပါတယ်။
ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟားမက်စ်နဲ့ အစ္စရေးနိုင်ငံကြား စစ်ပွဲစတင်ခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာပဲ ဟစ်ဘိုလာအုပ်စုတွေဟာ အစ္စရေးပိုင်နက်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။ ဟစ်ဘိုလာ အုပ်စုက ၎င်းတို့ဟာ အစ္စရေး-လက်ဘနွန်နယ်စပ်ဒေသရှိ အစ္စရေးစစ်စခန်းငါးခုက ထောက်လှမ်းရေးကင်မရာတွေ ကို ဖျက်ဆီးနိုင်ခဲ့တာဖြစ်ကြောင်း ပြောပါတယ်။
အစ္စရေးစစ်တပ်ဟာ လက်ဘနွန် နဲ့ အစ္စရေးနယ်စပ်ကနေ ၁ ဒသမ ၂၅ မိုင်အတွင်း နေထိုင်နေသူဒေသခံအားလုံးကို ဘေးလွှတ်ရာကို ရွှေ့ပြောင်းပေးဖို့ စီစဉ်နေကြောင်း သိရပါတယ်။ လက်ဘနွန်အခြေစိုက်ဟစ်ဘိုလာအဖွဲ့ဟာ အစ္စရေးပိုင်နက်ထဲကို ဒုံးကျည်တွေနဲ့တိုက်ခိုက်နေချိန်မှာ အစ္စရေးစစ်တပ်ဟာ နယ်စပ်ဒေသမှာ နေထိုင်နေတဲ့ အစ္စရေးနိုင်ငံသားတွေကို ဘေးလွှတ်ရာကို ရွှေ့ပြောင်းပေးနေတာဖြစ်ကြောင်း သိရပါတယ်။
ဂျာမနီအစိုးရက အီရန်နိုင်ငံအနေနဲ့ အစ္စရေးနဲ့ဟားမက်စ်အဖွဲ့ကြားဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကို မီးပိုမိုတောက်လောင်အောင်မလုပ်ဆောင်သင့်ကြောင်း ပြောဆိုလိုက်ပါတယ်။ ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေး ဆိုခွင့်ရှိသူက "အစ္စရေးနဲ့ ဟားမက်စ်အဖွဲ့ကြားစစ်ပွဲကို မီးလောင်ရာလေပင်သလိုမျိုး၊ လုပ်ဆောင်လိုသူတွေဟာ စစ်ပွဲကို ပိုမိုပြင်းထန်အောင်လုပ်ဆောင်မယ်ဆိုရင် ဒေသအတွင်းပဋိပက္ခတွေအထိ ဦးတည်လာနိုင်တာကို သိထားရ မယ်" လို့ ပြောပါတယ်။
အီရန်နိုင်ငံအနေနဲ့ ၎င်းတို့နိုင်ငံနဲ့အကျိုးစီးပွားတွေ၊ အီရန်နိုင်ငံသားတွေကိုတိုက်ခိုက်မှုမလုပ်ဘူးဆိုရင် အစ္စရေးနဲ့ စစ်ပွဲဆင်နွှဲမှာမဟုတ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အီရန်သံတမန်အဖွဲ့က ပြောပါတယ်။
အီရန်သံတမန်အဖွဲ့က "အစ္စရေးဟာ အီရန်နိုင်ငံအပေါ် တိုက်ခိုက်မှုတွေ မလုပ်ဘူးဆိုရင် အစ္စရေးနဲ့ စစ်ဖြစ်စရာအကြောင်းမရှိဘူး။ အစ္စရေးက တိုက်ခိုက်လာရင်တော့ အီရန်ဘက်ကတော့ ကာကွယ်ခွင့်အရ တုံ့ပြန်မှာဖြစ်တယ်" လို့ ပြောပါတယ်။
ရာသီဥတုဆိုးရွားမှုတွေကြောင့် အစ္စရေးဟာ ဂါဇာဒေသရှိ ဟားမက်စ်လက်နက်ကိုင်အဖွဲ့တွေအပေါ် မြေပြင်ထိုးစစ်ဆင်နွှဲမှုတွေ ဆိုင်းငံ့ဖွယ်ရှိနေကြောင်း အမေရိကန်အခြေစိုက် New York Times သ တင်းစာကဖော်ပြထားပါတယ်။
အစ္စရေးဟာ ဂါဇာဒေသကို ကျူးကျော်တိုက်ခိုက်မယ်ဆိုရင် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ရဲ့တုံ့ပြန်မှုများအပြင် အခြားမျှော်လင့်မထားတဲ့တုံ့ပြန်မှုများလည်း ရင်ဆိုင်ရဖွယ်ရှိနေကြောင်း အဆိုပါသတင်းစာက ဖော်ပြထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ အောက်တိုဘာလ ၁၆ ရက်အတွင်းဖြစ်ပွားခဲ့သော ပြည်တွင်းနှင့် ပြည်ပက စိတ်ဝင်စားဖွယ်သတင်းများ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း