(၅)ရက်ကြာပျောက်ဆုံးနေသည့် မောင်ဇွဲဝေယံထွန်းကို အိမ်နီးချင်း အမျိုးသမီးတစ်ဦးမှ ခေါ်ယူဖွက်ထားခြင်းဖြစ်ပြီး လက်ရှိတွင် ရဲစခန်း၌ဖြေရှင်းနေ
NP News
(၅)ရက်ကြာ ပျောက်ဆုံးနေသည့် မောင်ဇွဲဝေယံထွန်းအား အိမ်နီးချင်းအမျိုးသမီးတစ်ဦးမှ ခေါ်ယူဖွက်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မောင်ဇွဲဝေယံထွန်းသည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၁ ရက်၊ နေ့လည်ပိုင်းတွင် ချမ်းအေးသာစံမြို့နယ်၊ (၇၁)လမ်း (၃ဝ)×(၃၁)လမ်းရှိ ၎င်း၏အဖွားဖြစ်သူနေအိမ်တွင် ဆော့နေချိန်၌ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ ထို့နောက် ပျောက်ဆုံးပြီး (၅)ရက်အကြာ ယနေ့(ဒီဇင်ဘာလ ၁၆ ရက်) ၊ နံနက် (၅) နာရီအချိန်တွင် အဆိုပါ ကလေးငယ်အား အမျိုးသမီးတစ်ဦးမှ နေအိမ်တိုက်ခန်းအတွင်း ပြန်လည်တွေ့ရှိခဲ့ကြောင်း ၎င်းတို့နှင့် ရင်းနှီးသည့် မိတ်ဆွေတစ်ဦးထံမှသိရသည်။
“ကလေးပြန်တွေ့တာမှန်ပါတယ်ဗျ။ သူတို့မိတ်ဆွေ မိန်းမတစ်ယောက်က ခေါ်ပြီးတော့ အိမ်ထဲမှာဖွက်ထားတာပေါ့နော်။ သူ့ကိုသံသယရှိတာနဲ့ ဒီနေ့မနက်အစော (၅)နာရီလောက်က သူတို့သွားပြီးဖွင့်ရှာကြတဲ့ အခါကျတော့ အဲ့ထဲမှာ တွေ့တာပါ။ သူတို့အခုတော့ရဲစခန်းသွားကြပါတယ်။ သူတို့က ရန်ငြှိုးရန်စတော့ မရှိပါဘူး၊ မိတ်ဆွေတွေပါပဲဗျ”ဟု ၎င်းတို့နှင့် ရင်းနှီးသည့် မိတ်ဆွေတစ်ဦးမှ NP News ကိုပြောသည်။ လက်ရှိတွင် အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မောင်ဇွဲဝေယံထွန်း၏ မိဘများသည် ရဲစခန်း၌ ဆက်လက်ဖြေရှင်းလျက်ရှိကြောင်း အထက်ပါသတင်းအရင်းအမြစ်မှ ဆက်လက်ပြောသည်။
လတ်တလောတွင် ရန်ကုန်နှင့် မန္တလေးတို့၌ ကလေးအများအပြားပျောက်ဆုံးလျက်ရှိနေကြောင်း သတင်းအချို့ကို တွေ့နေရပြီး ကလေးမိဘများအနေဖြင့် သား၊ သမီးများကို ဂရုစိုက်ထိန်းသိမ်းစောင့်ရှောက်ရန်လည်း အကြုံပြုမှုများ ရှိနေသည်။
zawgyi version
(၅)ရက္ၾကာေပ်ာက္ဆုံးေနသည့္ ေမာင္ဇြဲေဝယံထြန္းကို အိမ္နီးခ်င္း အမ်ိဳးသမီးတစ္ဦးမွ ေခၚယူဖြက္ထားျခင္းျဖစ္ၿပီး လက္ရွိတြင္ ရဲစခန္း၌ေျဖရွင္းေန
NP News
(၅)ရက္ၾကာ ေပ်ာက္ဆုံးေနသည့္ ေမာင္ဇြဲေဝယံထြန္းအား အိမ္နီးခ်င္းအမ်ိဳးသမီးတစ္ဦးမွ ေခၚယူဖြက္ထားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ေ
မာင္ဇြဲေဝယံထြန္းသည္ ၿပီးခဲ့သည့္ ဒီဇင္ဘာလ ၁၁ ရက္၊ ေန႔လည္ပိုင္းတြင္ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ (၇၁)လမ္း (၃ဝ)×(၃၁)လမ္းရွိ ၎၏အဖြားျဖစ္သူေနအိမ္တြင္ ေဆာ့ေနခ်ိန္၌ ေပ်ာက္ဆုံးသြားခဲ့ျခင္းျဖစ္သည္။ထို႔ေနာက္ ေပ်ာက္ဆုံးၿပီး (၅)ရက္အၾကာ ယေန႔(ဒီဇင္ဘာလ ၁၆ ရက္) ၊ နံနက္ (၅) နာရီအခ်ိန္တြင္ အဆိုပါ ကေလးငယ္အား အမ်ိဳးသမီးတစ္ဦးမွ ေနအိမ္တိုက္ခန္းအတြင္း ျပန္လည္ေတြ႕ရွိခဲ့ေၾကာင္း ၎တို႔ႏွင့္ ရင္းႏွီးသည့္ မိတ္ေဆြတစ္ဦးထံမွသိရ သည္။
“ကေလးျပန္ေတြ႕တာမွန္ပါတယ္ဗ်။ သူတို႔မိတ္ေဆြ မိန္းမတစ္ေယာက္က ေခၚၿပီးေတာ့ အိမ္ထဲမွာဖြက္ထားတာေပါ့ေနာ္။ သူ႔ကိုသံသယရွိတာနဲ႔ ဒီေန႔မနက္အေစာ (၅)နာရီေလာက္က သူတို႔သြားၿပီးဖြင့္ရွာၾကတဲ့ အခါက်ေတာ့ အဲ့ထဲမွာ ေတြ႕တာပါ။ သူတို႔အခုေတာ့ရဲစခန္းသြားၾကပါတယ္။ သူတို႔က ရန္ျငႇိဳးရန္စေတာ့ မရွိပါဘူး၊ မိတ္ေဆြေတြပါပဲဗ်”ဟု ၎တို႔ႏွင့္ ရင္းႏွီးသည့္ မိတ္ေဆြတစ္ဦးမွ NP News ကိုေျပာသည္။လက္ရွိတြင္ အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ ေမာင္ဇြဲေဝယံထြန္း၏ မိဘမ်ားသည္ ရဲစခန္း၌ ဆက္လက္ေျဖရွင္းလ်က္ရွိေၾကာင္း အထက္ပါသတင္းအရင္းအျမစ္မွ ဆက္လက္ေျပာသည္။
လတ္တေလာတြင္ ရန္ကုန္ႏွင့္ မႏၲေလးတို႔၌ ကေလးအမ်ားအျပားေပ်ာက္ဆုံးလ်က္ရွိေနေၾကာင္း သတင္းအခ်ိဳ႕ကို ေတြ႕ေနရၿပီး ကေလးမိဘမ်ားအေနျဖင့္ သား၊ သမီးမ်ားကို ဂ႐ုစိုက္ထိန္းသိမ္းေစာင့္ေရွာက္ရန္လည္း အႀကဳံျပဳမႈမ်ား ရွိေနသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားနှင့်တရုတ်ထံမှ ဝယ်ယူထားသော တိုက်လေယာဉ်များနှင့် ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ရဟတ်ယာဉ်တို့ကို တပ်တော်ဝင်အခမ်းအနားပြုလုပ်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း