သံဖြူဇရပ်မြို့၌ စကားများရန်ဖြစ်ကြရာမှ အမျိုးသမီး(၁)ဦး ဓားဖြင့်ခုတ်ခံရ
စော(NSS) - အောက်တိုဘာ ၁၅
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် စကားများရန်ဖြစ်ရာမှ အမျိုးသမီး(၁)ဦး ဓားဖြင့်ခုတ်ခံရကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့(အောက်တိုဘာလ ၁၅ ရက်)၊ နံနက်(၈)နာရီခွဲဝန်းကျင်အချိန်တွင် သံဖြူဇရပ်မြို့၊ ကျုံကရုတ်ကျေးရွာ၌ အထက်ပါကဲ့သိုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။
"အတိအကျကြီးတော့ သိလိုက်ရတာမဟုတ်ဘူးပေါ့နော်။ အမျိုးအချင်းချင်း ခြံမှာစကားများရင်းဓားတွေဘာတွေ ပါလာကြတာ"ဟု စေတနာရှင် လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
ဓားခုတ်ခံရမှုကြောင့် အဆိုပါ အမျိုးသမီးတွင် ဦးခေါင်း အပါအဝင် လက်နှင့် မျက်နှာတို့တွင်လည်း ပြတ်ရှဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
"လက်ရှိကတော့ ရန်ကုန်ပြည်သူ့ဆေးရုံကိုသွားနေတုန်းပါ။ စိုးရိမ်ရပါတယ်။ သတိတွေဘာတွေလည်းရနေသေးတယ်။ အသက်ရှုရတာလေးပဲ ခက်ခဲနေတာပါ။ နားကနေစပြီး နှာခေါင်းနားထိ ဓားဒဏ်ရာရသွားတာပါ"ဟု ၎င်းကဆက်လက်ပြောသည်။
လက်ရှိတွင် ၎င်းအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသိုပို့ဆောင်နေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အာဖဂန်နစ္စတန်နိုင်ငံတွင် တစ်လအတွင်း အင်အားပြင်းငလျင် သုံးကြိမ်မြောက် လှုပ်ခတ်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း