ပဲခူးမြို့၌ ထမင်းထုတ်ဝေသည့်နေရာတွင် စကားများရန်ဖြစ်ရာမှ အမျိုးသား(၁)ဦး ဓားခုတ်ခံရ
စော(NSS) - အောက်တိုဘာ ၁၃
ပဲခူးတိုင်း၊ ပဲခူးမြို့တွင် ထမင်းထုတ်ဝေသည့်နေရာ၌ စကားများရန်ဖြစ်ရာမှ အမျိုးသား (၁)ဦး ဓားခုတ်ခံရကြောင်း သိရသည်။
ဓားခုတ်ခံရသည့် အမျိုးသားသည် ယမန်နေ့(အောက်တိုဘာလ ၁၂ရက်)၊ ညနေ (၅)နာရီဝန်းကျင်အချိန်တွင် ပဲခူးမြို့၊ ပဲခူးတက္ကသိုလ်အနီး၌ လင်းလက်လူမှုကူညီရေးအသင်းအား အကူအညီလာတောင်းခဲ့ကြောင်း သိရသည်။
“ကျွန်မတို့လည်း မနေ့က ပဲခူးကိုသွားပြီး ထမင်းသွားဝေတယ်။ ကျွန်မတို့ ဝေတဲ့နေရာမှာဖြစ်တာမဟုတ်ဘူး။ အခြားနေရာမှာ ထမင်းထုတ်ဝေတဲ့အချိန်မှာ စကားများကြတာပေါ့လေ။ လှူတဲ့လူကတော့ လှူလိုက်ပေမယ့် ရတဲ့လူပေါ်မူတည်ပြီး သူတို့တွေက စကားများပြီး ဓားခုတ်လိုက်တာပေါ့။ လည်ပင်းရယ်၊ လက်ရယ်တော့ ဓားခုတ်ဒဏ်ရာရသွားတယ်”ဟု လင်းလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
ဓားခုတ်ခံရခြင်းကြောင့် ၎င်းအမျိုးသားသည် လည်ပင်းနှင့် ဘယ်ဘက်လက်တို့တွင် ပြတ်ရှဒဏ်ရာရရှိခဲ့ပြီး မစိုးရိမ်ရကြောင်း သိရသည်။
အဆိုပါအမျိုးသားအား မြေပြင်ကုသမှုပေးပြီး ပဲခူးဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းရဲ့တန်ပြန်ထိုးစစ်ဆင် မအောင်မြင်ခဲ့သလို အစ္စရေး-ပါလက်စတိုင်းစစ်ပွဲက ယူကရိန်းအပေါ် သက်ရောက်မှုများစွာဖြစ်လာဖွယ်ရှိနေ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း