ငါးခြောက်၊ပုစွန်ခြောက်များကို အွန်လိုင်းမှရောင်းဝယ်သည့် မိသားစုလုပ်ကြံသတ်ဖြတ်ခံရမှုကြောင့် (၃)နှစ်အရွယ်ကလေးငယ်အပါအဝင် မိသားစုဝင်(၅)ဦးသေဆုံး
NP News - ဖေဖော်ဝါရီ ၂၃
ငါးခြောက်၊ ပုဇွန်ခြောက်များကို အွန်လိုင်းမှရောင်းဝယ်ရေးလုပ်ကိုင်သည့် မိသားစု(၅)ဦး လုပ်ကြံသတ် ဖြတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဖေဖော်ဝါရီလ ၂၂ ရက်) ၊ ည(၈)နာရီအချိန်ခန့်တွင် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ရိပ်သာရပ်ကွက်တွင် ဖြစ်ပွားခဲ့ကြောင်း အခင်းဖြစ်ရာနေရာအနီးတွင် နေထိုင်သည့် သတင်းအရင်းအမြစ်တစ်ဦးထံမှ သိရသည်။
အဆိုပါ ဖြစ်စဉ်မှာ ရိပ်သာရပ်ကွက်၊ ၁/န (၄)လမ်း၊ ကွက်သစ်တွင် နေထိုင်သည့် ငါးခြောက်၊ ပုဇွန်ခြောက်များကို အွန်လိုင်းမှရောင်းဝယ်ရေးလုပ်သည့် နေအိမ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရိပ်သာရပ်ကွက်တွင် နေထိုင်သည့် ဒေါ်စန်းနွဲ့သည် ၎င်း၏ သားဖြစ်သူ၊ သမီးဖြစ်သူနှင့် အသက်(၃)နှစ်အရွယ် မြေးဖြစ်သူ အပါအဝင် နေအိမ်သို့ အလည်ရောက်နေသည့် ၎င်း၏ ဦးလေးဖြစ်သူနှင့် နေအိမ်ဧည့် ခန်းတွင်ရှိနေချိန်တွင် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း အဆိုပါသတင်းရင်းမြစ်မှ ဆိုသည်။
"ဆိုင်ကယ် (၂)စီးနဲ့ လူ(၄)ဦးရောက်လာပြီး နေအိမ်ထဲဝင်ပြီးတော့ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တာဖြစ်တယ်" ဟု အဆိုပါ သတင်းရင်းမြစ်က ပြောသည်။
ပစ်ခတ်ခံရမှုကြောင့် ဒေါ်စန်းနွဲ့တွင် ပခုံးကျည်ဖောက်ဝင်ဒဏ်ရာ၊ ၎င်း၏သားဖြစ်သူနှင့် သမီးဖြစ်သူတို့တွင် မေးစေ့အောက် ကျည်ဖောက်ဝင်ဒဏ်ရာနှင့် နဖူးကျည်ဖောက်ဝင်ဒဏ်ရာ၊ အသက်(၃)နှစ်အရွယ်ကလေးငယ်တွင် ဦးခေါင်းနောက်စေ့ကျည်ဖောက်ဝင်ဒဏ်ရာနှင့် ဦးလေးဖြစ်သူတွင် ငယ်ထိပ်ကျည်ဖောက်ထွက်ဒဏ်ရာနှင့် လည်ပင်းအောက်ကျည်ဖောက်ဝင်ဒဏ်ရာ များရရှိကာ (၅)ဦးလုံးသေဆုံးခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်နှင့် ပတ်သက်၍ ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်နေရာနှင့် ကျူးလွန်သူများကို ဖမ်းဆီးရမိရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်နေကြောင်း အထက်ပါသတင်းအရင်းအမြစ်မှ ဆိုထား သည်။
zawgyi version
ငါးေျခာက္၊ပုစြန္ေျခာက္မ်ားကို အြန္လိုင္းမွေရာင္းဝယ္သည့္ မိသားစုလုပ္ႀကံသတ္ျဖတ္ခံရမႈေၾကာင့္ (၃)ႏွစ္အ႐ြယ္ကေလးငယ္အပါအဝင္ မိသားစုဝင္(၅)ဦးေသဆုံး
NP News - ေဖေဖာ္ဝါရီ ၂၃
ငါးေျခာက္၊ ပုဇြန္ေျခာက္မ်ားကို အြန္လိုင္းမွေရာင္းဝယ္ေရးလုပ္ကိုင္သည့္ မိသားစု(၅)ဦး လုပ္ႀကံသတ္ ျဖတ္ခံခဲ့ရေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (ေဖေဖာ္ဝါရီလ ၂၂ ရက္) ၊ ည(၈)နာရီအခ်ိန္ခန႔္တြင္ ရန္ကုန္တိုင္း၊ လွည္းကူးၿမိဳ႕နယ္၊ ရိပ္သာရပ္ကြက္တြင္ ျဖစ္ပြားခဲ့ေၾကာင္း အခင္းျဖစ္ရာေနရာအနီးတြင္ ေနထိုင္သည့္ သတင္းအရင္းအျမစ္တစ္ဦးထံမွ သိရသည္။
အဆိုပါ ျဖစ္စဥ္မွာ ရိပ္သာရပ္ကြက္၊ ၁/န (၄)လမ္း၊ ကြက္သစ္တြင္ ေနထိုင္သည့္ ငါးေျခာက္၊ ပုဇြန္ေျခာက္မ်ားကို အြန္လိုင္းမွေရာင္းဝယ္ေရးလုပ္သည့္ ေနအိမ္တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ရိပ္သာရပ္ကြက္တြင္ ေနထိုင္သည့္ ေဒၚစန္းႏြဲ႕သည္ ၎၏ သားျဖစ္သူ၊ သမီးျဖစ္သူႏွင့္ အသက္(၃)ႏွစ္အ႐ြယ္ ေျမးျဖစ္သူ အပါအဝင္ ေနအိမ္သို႔ အလည္ေရာက္ေနသည့္ ၎၏ ဦးေလးျဖစ္သူႏွင့္ ေနအိမ္ဧည့္ ခန္းတြင္ရွိေနခ်ိန္တြင္ ပစ္ခတ္ခံခဲ့ရျခင္းျဖစ္ေၾကာင္း အဆိုပါသတင္းရင္းျမစ္မွ ဆိုသည္။
"ဆိုင္ကယ္ (၂)စီးနဲ႔ လူ(၄)ဦးေရာက္လာၿပီး ေနအိမ္ထဲဝင္ၿပီးေတာ့ ေသနတ္နဲ႔ ပစ္ခတ္သတ္ျဖတ္ခဲ့တာျဖစ္တယ္" ဟု အဆိုပါ သတင္းရင္းျမစ္က ေျပာသည္။
ပစ္ခတ္ခံရမႈေၾကာင့္ ေဒၚစန္းႏြဲ႕တြင္ ပခုံးက်ည္ေဖာက္ဝင္ဒဏ္ရာ၊ ၎၏သားျဖစ္သူႏွင့္ သမီးျဖစ္သူတို႔တြင္ ေမးေစ့ေအာက္ က်ည္ေဖာက္ဝင္ဒဏ္ရာႏွင့္ နဖူးက်ည္ေဖာက္ဝင္ဒဏ္ရာ၊ အသက္(၃)ႏွစ္အ႐ြယ္ကေလးငယ္တြင္ ဦးေခါင္းေနာက္ေစ့က်ည္ေဖာက္ဝင္ဒဏ္ရာႏွင့္ ဦးေလးျဖစ္သူတြင္ ငယ္ထိပ္က်ည္ေဖာက္ထြက္ဒဏ္ရာႏွင့္ လည္ပင္းေအာက္က်ည္ေဖာက္ဝင္ဒဏ္ရာ မ်ားရရွိကာ (၅)ဦးလုံးေသဆုံးခဲ့ေၾကာင္း သိရသည္။
အထက္ပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ ပစ္ခတ္မႈျဖစ္ပြားခဲ့သည့္ေနရာႏွင့္ က်ဴးလြန္သူမ်ားကို ဖမ္းဆီးရမိရန္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္ေဆာင္႐ြက္ေနေၾကာင္း အထက္ပါသတင္းအရင္းအျမစ္မွ ဆိုထား သည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အပစ်အခတ်ရပ်စဲရေးအတွက် တရုတ်၏ အမြင်အချို့ကို ကြိုဆိုသော်လည်း ရုရှားတပ်များ ရုတ်သိမ်းရန် ယူကရိန်းပြောဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း