လှိုင်သာယာမြို့၌ Hijet နှင့် အိမ်စီးကားတို့ တိုက်မိခဲ့ရာမှ အမျိုးသား (၅)ဦး ထိခိုက်ဒဏ်ရာရရှိ
စော(NSS) - အောက်တိုဘာ ၉
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်-ပုသိမ်လမ်းမကြီး၌ Hijet နှင့် အိမ်စီးကားတစ်စီးတို့ တိုက်မိခဲ့ရာမှ အမျိုးသား (၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(အောက်တိုဘာလ ၈ ရက်) ည(၁၂)နာရီအချိန်တွင် ရန်ကုန်-ပုသိမ်လမ်းမကြီး၊ လှိုင်သာယာနဝဒေးအိမ်ယာရှေ့၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သွေးဒါနမျိုးဆက်လူမှုကူညီရေးအသင်းထံမှ သိရသည်။
“ဟိုက်ဂျက်က free ကြောကထွက်လာတာ အိမ်စီးကားကျတော့ ရန်ကုန်-ပုသိမ်လမ်းမကြီးကနေမောင်းလာပြီး တိုက်မိတာပါ။ ကားတစ်စီးကတော့ တော်တော်စုတ်ပြတ်သွားတယ်။ အမျိုးသား (၅)ယောက် ထိခိုက်ဒဏ်ရာရရှိတယ်။ တစ်ဦးကတော့ စိုးရိမ်ရပါတယ်”ဟု သွေးဒါနမျိုးဆက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
ယာဉ်တိုက်မှုကြောင့် အမျိုးသား(၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသား (၁)ဦးမှာ စိုးရိမ်ရဒဏ်ရာဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။
အလားတူ လှိုင်သာယာမြို့နယ်၊ (၁၅)ရပ်ကွက်၊ ကျန်စစ်သားလမ်းမတွင် ပြီးခဲ့သည့် (အောက်တိုဘာလ ၇ ရက်)တွင် ကားတစ်စီးနှင့် သုံးဘီးဆိုင်ကယ် တိုက်မိခဲ့ကြောင်း သိရသည်။
“ကားက ဈေးသည်ကို တိုက်ပြီးတော့ သုံးဘီးကိုထပ်တိုက်တာပါ။ ကားပေါ်ကလူကတော့ ထိခိုက်ဒဏ်ရာမရပါဘူး”ဟု သွေးဒါနမျိုးဆက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
ယာဉ်တိုက်မှုကြောင့် သုံးဘီးပေါ်ရှိ အမျိုးသား(၂)ဦး နှင့် ဈေးသည်(၁)ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံတော်၏ အချုပ်အခြာအာဏာ(၃)ရပ်လုံးကို ထိန်းချုပ်ထားသော တပ်မတော်နှင့် စကားပြောဆိုရန် လိုအပ်ဟု ပဒိုရွှေမောင်းပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း