ဆီးရီးယားမြောက်ပိုင်းရှိ ကာဒစ်လက်နက်ကိုင်အဖွဲ့တွေကို တူရကီတပ်ဖွဲ့များ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်
ဂျန်ဇက် (NSS) - အောက်တိုဘာ ၉
အရှေ့အလယ်ပိုင်းဒေသမှာ အစ္စရေးနဲ့ ဟားမက်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲဖြစ်ပွားနေချိန်မှာပဲ တူရကီစစ်တပ်ဟာ ဆီးရီးယားနိုင်ငံမြောက်ပိုင်းကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကာဒစ်စစ်သွေးကြွအုပ်စုရဲ့နေရာ ခြောက်ခုကို ဖျက်ဆီးနိုင်ခဲ့ကြောင်း တူရကီကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
တူရကီစစ်ဘက်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေအတွင်း ကာဒစ် လက်နက်ကိုင်အဖွဲ့တွေ အသုံးပြုနေတဲ့ ရေနံစက်ရုံတွေ၊ သိုလှောင်ရုံတွေကို ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရပါတယ်။
တူရကီနိုင်ငံ ပြည်ထဲရေးဝန်ကြီးရုံးချုပ်နားမှာ ပြီးခဲ့တဲ့သီတင်းပတ်က အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် တူရကီအစိုးရဟာ စစ်သွေးကြွအုပ်စုတွေကို ပစ်မှတ်ထား ဖမ်းဆီး၊ တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
တူရကီဟာ ဒီသီတင်းပတ်အတွင်းမှာ ကာဒစ်လက်နက်ကိုင်အဖွဲ့ PKK တွေအပြင် ဆီးရီးယားအခြေစိုက် ကာဒစ်လက်နက်ကိုင်အဖွဲ့တွေကိုလည်း ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။ တူရကီပြည်ထဲရေးဝန်ကြီးရုံးချုပ်နား အသေခံဗုံးခွဲတိုက်ခိုက်ဖို့ လာရောက်သူတွေဟာ ဆီးရီးယားနိုင်ငံက ဖြစ်ကြောင်း သိရပါတယ်။
ဆီးရီးယားနိုင်ငံမှာရှိတဲ့ ကာဒစ်လက်နက်ကိုင်အဖွဲ့ YPG တွေဟာ အမေရိကန်ရဲ့အထောက်ပံတွေ ရရှိထားတဲ့ ဆီးရီးယား (SDF), လက်နက်ကိုင်အဖွဲ့ရဲ့ကူညီပေးမှုများကို ရရှိထားကြောင်း သိရပါတယ်။
တူရကီအာဏာပိုင်တွေဟာ ဒီသီတင်းပတ်အတွင်းမှာ အကြမ်းဖက်မှုတန်ပြန်စစ်ဆင်ရေးလုပ်ဆောင်ခဲ့ရာ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံထားရတဲ့ ကာဒစ်အုပ်စုနဲ့ ဆက်နွယ်သူအဖြစ် သံသယရှိသူပေါင်း ၂၅၅၄ ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရပါတယ်။
တူရကီဟာ ပြည်ထဲရေးဝန်ကြီးဌာနရုံးချုပ်နေရာနားမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် ဆီးရီးယားနဲ့အီရတ်နိုင်ငံမှာ အခြေပြုလှုပ်ရှားနေတဲ့ ကာဒစ်လက်နက်ကိုင်အဖွဲ့တွေရဲ့နေရာတွေကို ပစ်မှတ်ထားပြီး လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ အရှိန်မြင့်လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ရေနစ်သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း