ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ရေနစ်သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိ
သန့်ဇင်(NSS) - အောက်တိုဘာ ၉
ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ရေနစ်သေဆုံးနေသည့် အမျိုးသားတစ်ဦး၏အလောင်းအား တွေရှိ့ခဲ့ကြောင်း Medical လူငယ်များလူမှုကူညီရေးအသင်းထံမှ သိရသည်။
အဆိုပါရုပ်အလောင်းကို ယမန်နေ့(အောက်တိုဘာလ ၈ ရက်)၊ နံနက် ၁၀ နာရီခွဲအချိန်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၉၃)ရပ်ကွက်၊ ကုလားဝဲတံတားအနီး သဲကွင်းအတွင်း၌ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဘယ်လိုဖြစ်ပြီး နစ်သေတာလဲတော့ မသိရပါဘူး။ ကျွန်တော်တို့ကို အကြောင်းကြားလို့သွား ကူညီပေးခဲ့တာပါ။ ပိုင်ရှင်မဲ့အလောင်းပါဗျ”ဟု Medical လူငယ်များလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
အဆိုပါရေနစ်သေဆုံးသူအမျိုးသားသည် အသက်(၃၀)နှစ်ဝန်းကျင်ဖြစ်ပြီး လက်ရှိတွင် မိသားစုနှင့်အဆက်သွယ်မရရှိသေးကြောင်း သိရသည်။
“ရေနစ်သေတာကတော့ လွန်ခဲ့တဲ့(၂)ရက်က ရေနစ်ထားတဲ့ပုံစံမျိုးဗျ။ ပိုင်ရှင်မဲ့ဖြစ်တဲ့အတွက် ကျန်တာတွေတော့ ဘာမှကိုမသိရသေးပါဘူး” ဟု ၎င်းကဆက်လက်ပြောသည်။
ထို့နောက် ရေနစ်သေဆုံးသူအမျိုးသားအလောင်းအား Medical လူငယ်များလူမှုကူညီရေးအသင်းမှ သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ဘဏ္ဍာနှစ်(၆)လအတွင်း အမေရိကန်ဒေါ်လာသန်း(၈၀)ကျော် ကုန်သွယ်နိုင်ခဲ့ဟုဆို
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
22 Nov 2024 | မှုခင်း,ပြည်တွင်း