ကိုရီးယားရှိ ဓာတ်ပုံမှန်ဘောင်ထုတ်စက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သားတစ်ဦး အဆုံးစီရင်မှုဖြစ်ပွား
Pearl (NP News) - ဖေဖော်ဝါရီ ၂၃
တောင်ကိုရီးယားနိုင်ငံ၊ ဂယောင်ဂီပြည်နယ်တွင် မြန်မာအလုပ်သမားတစ်ဦး အဆုံးစီရင်မှုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ (၂၂) ရက်၊ နေ့လည် (၂) နာရီအချိန်ခန့်တွင် ဂယောင်ဂီပြည်နယ်၊ ဖိုချောင်းမြို့ရှိ ဓာတ်ပုံမှန်ဘောင်ထုတ်စက်ရုံတွင် ဖြစ်ပွားခဲ့ကြောင်း ကိုရီးယားရောက် မြန်မာလုပ်သားအရေးဆောင်ရွက်ပေးနေသူ တစ်ဦးထံမှသိရသည်။
အဆိုပါ ရုပ်အလောင်းကို အလုပ်ရှင်၏သားဖြစ်သူမှ ဂိုထောင်အတွင်း ပစ္စည်းယူရန်သွားစဉ် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသူသည် ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့တွင် နေထိုင်သော ကိုအောင်ကျော်ဖြိုး(၃ဝ)နှစ်ဖြစ်ပြီး လည်ပင်းတွင် လျှပ်စစ်ကြိုးပတ်၍ စက္ကူပုံးများကြားတွင် လဲကျသေဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။
၎င်းသည် ဂယောင်ဂီပြည်နယ်၊ ဖိုချောင်းမြို့ ၊ ဂါဆန်ရပ်ကွက်ရှိ ဓာတ်ပုံမှန်ဘောင်ထုတ်စက်ရုံတွင် အလုပ်လုပ်ကိုင်နေသည်မှာ (၆)လခန့်သာ ရှိသေးကြောင်း သိရသည်။
ထို့ပြင် ကိုအောင်ကျော်ဖြိုးသည် ညအိပ်မပျော်သည့်ဝေဒနာခံစားနေရသူဖြစ်ပြီး လာမည့် ဖေဖော်ဝါရီလ (၂၆)ရက်တွင် မြန်မာနိုင်ငံသို့ပြန်ရန် စီစဉ်ထားကြောင်းလည်း အထက်ပါ သတင်းအရင်းအမြစ်က ဆက်လက်ပြောဆိုထားသည်။
zawgyi version
ကိုရီးယားရွိ ဓာတ္ပုံမွန္ေဘာင္ထုတ္စက္႐ုံတြင္ အလုပ္လုပ္ကိုင္ေနသည့္ ျမန္မာလုပ္သားတစ္ဦး အဆုံးစီရင္မႈျဖစ္ပြား
Pearl (NP News) - ေဖေဖာ္ဝါရီ ၂၃
ေတာင္ကိုရီးယားႏိုင္ငံ၊ ဂေယာင္ဂီျပည္နယ္တြင္ ျမန္မာအလုပ္သမားတစ္ဦး အဆုံးစီရင္မႈျဖစ္ပြားခဲ့ေၾကာင္းသတင္းရရွိသည္။
ျဖစ္စဥ္မွာ ေဖေဖာ္ဝါရီလ (၂၂) ရက္၊ ေန႔လည္ (၂) နာရီအခ်ိန္ခန႔္တြင္ ဂေယာင္ဂီျပည္နယ္၊ ဖိုေခ်ာင္းၿမိဳ႕ရွိ ဓာတ္ပုံမွန္ေဘာင္ထုတ္စက္႐ုံတြင္ ျဖစ္ပြားခဲ့ေၾကာင္း ကိုရီးယားေရာက္ ျမန္မာလုပ္သားအေရးေဆာင္႐ြက္ေပးေနသူ တစ္ဦးထံမွသိရသည္။
အဆိုပါ ႐ုပ္အေလာင္းကို အလုပ္ရွင္၏သားျဖစ္သူမွ ဂိုေထာင္အတြင္း ပစၥည္းယူရန္သြားစဥ္ ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ေသဆုံးသူသည္ ဧရာဝတီတိုင္း၊ ဖ်ာပုံခ႐ိုင္၊ ေဒးဒရဲၿမိဳ႕တြင္ ေနထိုင္ေသာ ကိုေအာင္ေက်ာ္ၿဖိဳး(၃ဝ)ႏွစ္ျဖစ္ၿပီး လည္ပင္းတြင္ လွ်ပ္စစ္ႀကိဳးပတ္၍ စကၠဴပုံးမ်ားၾကားတြင္ လဲက်ေသဆုံးေနျခင္းျဖစ္ေၾကာင္း သိရသည္။
၎သည္ ဂေယာင္ဂီျပည္နယ္၊ ဖိုေခ်ာင္းၿမိဳ႕ ၊ ဂါဆန္ရပ္ကြက္ရွိ ဓာတ္ပုံမွန္ေဘာင္ထုတ္စက္႐ုံတြင္ အလုပ္လုပ္ကိုင္ေနသည္မွာ (၆)လခန႔္သာ ရွိေသးေၾကာင္း သိရသည္။
ထို႔ျပင္ ကိုေအာင္ေက်ာ္ၿဖိဳးသည္ ညအိပ္မေပ်ာ္သည့္ေဝဒနာခံစားေနရသူျဖစ္ၿပီး လာမည့္ ေဖေဖာ္ဝါရီလ (၂၆)ရက္တြင္ ျမန္မာႏိုင္ငံသို႔ျပန္ရန္ စီစဥ္ထားေၾကာင္းလည္း အထက္ပါ သတင္းအရင္းအျမစ္က ဆက္လက္ေျပာဆိုထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထပ်ဆင့်အကယ်ဒမီ သီဟတင်စိုးရဲ့ နောက်ဆုံးခရီးမြင်ကွင်း
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း