စက်မှုလုပ်ငန်းများအနေဖြင့် မတ်လ(၁)ရက်မှစ၍ကန့်သတ်ချိန်အတွင်း ဌာနမှဖြန့်ဖြူးသည့် ဓာတ်အားဖြင့် လုပ်ငန်းများ မပြုလုပ်ရန် YESC အသိပေး
ယွန်း (NP News) - ဖေဖော်ဝါရီ ၂၃
လာမည့် မတ်လ(၁)ရက်နေ့မှစ၍ ရပ်ကွက်တွင်းရှိ စီးပွားရေးလုပ်ငန်းများ အပါအဝင် စက်မှုလက်မှုလုပ်ငန်းများအား ကန့်သတ်ချိန်အတွင်း ဌာနမှဖြန့်ဖြူးသည့် လျှပ်စစ်ဓာတ်အားဖြင့် လုပ်ငန်းများ ဆောင်ရွက်ခြင်းမပြုရန် အသိပေးထုတ်ပြန်ထားသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)မှ ဖေဖော်ဝါရီလ (၂၂)ရက်၊ ညပိုင်းတွင် အထက်ပါကဲ့သို့ သတိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲကို လာမည့် မတ်လ(၈)ရက်မှ (၁၈)ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး အဆိုပါ ကာလအတွင်း စာမေးပွဲဖြေဆိုမည့် ကျောင်းသားများ ညပိုင်းစာကြည့်ရေးအတွက် ဓာတ်အားတိုးတက်ဖြန့်ဖြူးနိုင်ရန် လျှပ်စစ်ဝန်ကြီးဌာနမှ ဆောင်ရွက်နေကြောင်း သိရသည်။
ဓာတ်အားထုတ်လုပ်မှုနှင့် သုံးစွဲမှုမမျှတပါက ကျောင်းသားများ၏ ညပိုင်းစာကြည့်ချိန်အတွင်း ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်းလည်း ထည့်သွင်းအသိပေးထားသည်။
ထို့ကြောင့် အများပြည်သူအုပ်စုအတိုင်း ဓာတ်အားသုံးစွဲနေသော ရပ်ကွက်၊ ကျေးရွာအတွင်းရှိ စီးပွားရေးနှင့် စက်မှုလက်မှု လုပ်ငန်းများအား လာမည့် မတ်လ(၁)ရက်မှ (၂ဝ)ရက်အထိ ညနေ(၅)နာရီမှ (၁ဝ)နာရီအထိ ကန့်သတ်ချိန်အတွင်း ဌာနမှဖြန့်ဖြူးသည့် လျှပ်စစ်ဓာတ်အားဖြင့် လုပ်ငန်းဆောင်ရွက်ခြင်းမပြုရန် ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထုတ်ပြန်ချက်အား လိုက်နာမှုမရှိဘဲ ကန့်သတ်ချိန်အတွင်း ဌာနမှ ဖြန့်ဖြူးသည့် လျှပ်စစ်ဓာတ်အားဖြင့် လုပ်ငန်းဆောင်ရွက်နေသည်ကို တွေ့ရှိပါက အုပ်ချုပ်မှုနည်လမ်းအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း YESC မှ အသိပေးထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
EV ကားများအတွက် အိမ်သုံးအားသွင်းစက်များ ပြည်တွင်းသို့ စတင်ရောက်ရှိ
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း