အမျိုးသမီးတစ်ဦးအား သေနတ်ဖြင့်ပစ်ခတ်ပြီး ရွှေထည်နှင့် ငွေသားများ လုယက်မှု နမ့်ခမ်းမြို့နယ်တွင်ဖြစ်ပွား
Pearl (NP News) - ဖေဖော်ဝါရီ ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ်တွင် အမျိုးသမီးတစ်ဦးအား သေနတ်ဖြင့်ပစ်ခတ်ပြီး ရွှေထည်နှင့် ငွေသားများ လုယက်မှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ (၂ဝ)ရက်၊ နံနက် (၉)နာရီ၊ (၅ဝ)မိနစ် အချိန်ခန့်တွင် နမ့်ခမ်းမြို့နယ်၊ မန့်မြိုင်ကျေးရွာအနီး၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
နမ့်ခမ်းမြို့နယ်၊ စယ်ဟိုင်းကျေးရွာတွင်နေထိုင်သော မနန်းဖောင်နွမ်း(၄ဝ)နှစ်သည် ၎င်း၏မိခင်ဖြစ်သူ ဒေါ်နန်းဌေးအောင်(၆ဝ)နှစ်နှင့်အတူ မန့်မြိုင်ကျေးရွာသို့ ရွှေထည်ပစ္စည်းများသွားရောက်ရောင်းချရန် ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုသို့ထွက်ခွာလာစဉ် အခင်းဖြစ်နေရာအရောက်၌ လားရာတူနောက်မှ ဆိုင်ကယ်မောင်းနှင်လာသည့် အကြမ်းဖက် အမျိုးသားတစ်ဦးမှ သေနတ်ဖြင့် ပစ်ခတ်၍ ရွှေထည်ပစ္စည်းမျိုးစုံနှင့် ငွေသားများထည့်ထားသည့် အိတ်အား လုယက်ယူဆောင် ထွက်ပြေးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုထားသည်။
အဆိုပါ ပစ်ခတ်မှုကြောင့် မနန်းဖောင်နွမ်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ပြီး ဆေးကုသနိုင်ရေးအတွက် နမ့်ခမ်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
zawgyi version
အမ်ိဳးသမီးတစ္ဦးအား ေသနတ္ျဖင့္ပစ္ခတ္ၿပီး ေ႐ႊထည္ႏွင့္ ေငြသားမ်ား လုယက္မႈ နမ့္ခမ္းၿမိဳ႕နယ္တြင္ျဖစ္ပြား
Pearl (NP News) - ေဖေဖာ္ဝါရီ ၂၂
ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ နမ့္ခမ္းၿမိဳ႕နယ္တြင္ အမ်ိဳးသမီးတစ္ဦးအား ေသနတ္ျဖင့္ပစ္ခတ္ၿပီး ေ႐ႊထည္ႏွင့္ ေငြသားမ်ား လုယက္မႈျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ထံမွ သိရသည္။
ျဖစ္စဥ္မွာ ေဖေဖာ္ဝါရီလ (၂ဝ)ရက္၊ နံနက္ (၉)နာရီ၊ (၅ဝ)မိနစ္ အခ်ိန္ခန႔္တြင္ နမ့္ခမ္းၿမိဳ႕နယ္၊ မန႔္ၿမိဳင္ေက်း႐ြာအနီး၌ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။
နမ့္ခမ္းၿမိဳ႕နယ္၊ စယ္ဟိုင္းေက်း႐ြာတြင္ေနထိုင္ေသာ မနန္းေဖာင္ႏြမ္း(၄ဝ)ႏွစ္သည္ ၎၏မိခင္ျဖစ္သူ ေဒၚနန္းေဌးေအာင္(၆ဝ)ႏွစ္ႏွင့္အတူ မန႔္ၿမိဳင္ေက်း႐ြာသို႔ ေ႐ႊထည္ပစၥည္းမ်ားသြားေရာက္ေရာင္းခ်ရန္ ဆိုင္ကယ္ျဖင့္ ထြက္ခြာလာစဥ္ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ထိုသို႔ထြက္ခြာလာစဥ္ အခင္းျဖစ္ေနရာအေရာက္၌ လားရာတူေနာက္မွ ဆိုင္ကယ္ေမာင္းႏွင္လာသည့္ အၾကမ္းဖက္ အမ်ိဳးသားတစ္ဦးမွ ေသနတ္ျဖင့္ ပစ္ခတ္၍ ေ႐ႊထည္ပစၥည္းမ်ိဳးစုံႏွင့္ ေငြသားမ်ားထည့္ထားသည့္ အိတ္အား လုယက္ယူေဆာင္ ထြက္ေျပးသြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုထားသည္။
အဆိုပါ ပစ္ခတ္မႈေၾကာင့္ မနန္းေဖာင္ႏြမ္းတြင္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိခဲ့ၿပီး ေဆးကုသႏိုင္ေရးအတြက္ နမ့္ခမ္းၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘုရားသုံးဆူမြို့ ထွေအုပ်ရုံးရှေ့တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း