ဗုံးခွဲတိုက်ခိုက်ဖွယ်ရှိတယ်လို့ ခြိမ်းခြောက်မှုများ ထွက်ပေါ်လာခဲ့ပြီးနောက် ဖိလစ်ပိုင်နိုင်ငံရှိ လေဆိပ် ၄ဝ ကျော်ကို လုံခြုံရေးအမြင့်ဆုံး တပ်လှန့်ထား
ဂျန်ဇက် (NSS) - အောက်တိုဘာ ၆
လေယာဉ်များကို ဗုံးခွဲတိုက်ခိုက်ဖွယ်ရှိတယ်လို့ သတိပေးချက်များထွက်ပေါ်လာခဲ့ပြီးနောက် ဖိလစ်ပိုင်အစိုးရဟာ နိုင်ငံအတွင်းရှိ လေဆိပ်ပေါင်း ၄၂ ခုကို အမြင့်ဆုံးတပ်လှန့်ထားလိုက်ကြောင်း ဖိလစ်ပိုင်ပြည်တွင်းလေကြောင်းအာဏာပိုင်တွေက ပြောပါတယ်။
ဖိလစ်ပိုင်ပြည်တွင်းလေကြောင်း အာဏာပိုင်အဖွဲ့က လက်ရှိအချိန်မှာ လေဆိပ်များအတွင်း လုံခြုံရေးကို တိုးမြှင့်ထားရကြောင်း ဆိုပါတယ်။ လေကြောင်းအာဏာပိုင်အဖွဲ့ဟာ လေယာဉ်များနဲ့ လေဆိပ်တွေကို ဗုံးခွဲတိုက်ခိုက်မယ် ဆိုတဲ့သတိပေးချက်ကို အီမေးလ်က တဆင့် လက်ခံရရှိခဲ့ခြင်းဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံ စီဘူး၊ ဘီကိုလ်၊ ဒါဗာအို နဲ့ ပါလာဝမ်ဒေသတွေကို သွားရောက်မယ့် လေကြောင်းခရီးစဉ်တွေ နဲ့ လေဆိပ်တွေကို သတိပေးချက် အမြင့်ဆုံး ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း ဆိုပါတယ်။
စီဘူး နဲ့ ပလာဝမ်ဒေသတို့ဟာ နိုင်ငံခြားသားခရီးသွားများ ကြိုက်နှစ်သက်ပြီး အသွားများတဲ့ နေရာဒေသတစ်ခုဖြစ်ကြောင်း သိရပါတယ်။ ဒါပေမယ့် ဖိလစ်ပိုင်အာဏာပိုင်တွေဟာ ခြိမ်းခြောက်မှုတွေနဲ့ပတ်သက်ပြီး အသေးစိတ်အခြေအနေများကို သတင်းထုတ်ပြန်ပေးခြင်းမျိုးမရှိကြောင်း သိရပါတယ်။
ဖိလစ်ပိုင် ပို့ဆောင်ရေးဝန်ကြီးက ကင်းလှည့်အဖွဲ့တွေနဲ့ အထူးတပ်ဖွဲ့တွေကို မနီလာ နိုင်ငံတကာလေဆိပ်ဝင်ပေါက်၊ ထွက်ပေါက်အားလုံးမှာ ဖြန့်ကြတ်ချထားသလို လုံခြုံရေးတပ်ဖွဲ့တွေကိုလည်း အနီးကပ်စောင့်ကြည့်ခိုင်း ထားကြောင်း ပြောပါတယ်။
၎င်းက "ကျွန်တော်တို့ဟာ လူတိုင်းရဲ့လုံခြုံရေး နဲ့ ဘေးကင်းရေးကို အဓိကထားဆောင်ရွက်နေပြီး အများပြည်သူခရီးသွားလာမှုနဲ့ပတ်သက်တဲ့ လုပ်ထုံးလုပ်နည်းတွေကို လုပ်ဆောင်နေတယ်" လို့ ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာပြည်မှာ EVကား ပထမဆုံး မီးလောင်မှု သတင်းကြောင့် EVကားသုံးစွဲသူများအကြား ဝေဖန်မှုများမြင့်တက်
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း