ဧရာဝတီတိုင်းရှိ မွေးမြူရေးလုပ်ငန်းများနှင့် ဆင်စခန်းများကို ခရီးသွားဧည့်သည်များ သွားရောက်လေ့လာ လည်ပတ်နိုင်ရေး ဆောင်ရွက်ရမည်ဟု တိုင်းဝန်ကြီးချုပ်ပြော
NP News - ဖေဖော်ဝါရီ ၂၂
ဧရာဝတီတိုင်းအတွင်းရှိ မွေးမြူရေးလုပ်ငန်းများနှင့် ဆင်စခန်းများကိုလည်း ခရီးသွားဧည့်သည်များအနေဖြင့် စိတ်ပါဝင်စား၍ သွားရောက်လေ့လာ လည်ပတ်နိုင်ရေး ဆောင်ရွက်ရမည်ဟု ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ပြောကြားသည်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ဖေဖော်ဝါရီလ ၂၁ ရက်၌ ငွေဆောင်မြို့ ဌာနဆိုင်ရာများနှင့်တွေ့ဆုံရာတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ကမ်းခြေခရီးသွားလုပ်ငန်း ဖွံဖြိုးတိုးတက်ရေးအတွက်နဲ့ ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်ဖို့အတွက် ဒေသမှာရှိတဲ့ မွေးမြူရေးလုပ်ငန်းတွေနဲ့ ဆင်စခန်းတွေကိုလည်း ခရီးသွားဧည့်သည်တွေ သွားရောက်လေ့လာလည်ပတ်နိုင်ရေး ဆောင်ရွက်ရမှာဖြစ်ပါတယ်။ လမ်းပန်းဆက်သွယ် ရေး ကောင်းမွန်စေဖို့အတွက်လည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်” ဟု ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးသည် သဘာဝကပေးသည့် ကမ်းခြေဒေသများနှင့် ခရီးသွားလုပ်ငန်းများလည်း ဖွံဖြိုးတိုးတက်ပြီး ပြည်တွင်းပြည်ပခရီးသွားများ အများဆုံးလာရောက်လည်ပတ်သည့် တိုင်းဒေသကြီးလည်းဖြစ်သည်။
ခရီးသွားများအား တည်းခိုခနှင့် ညီမျှသည့် ဝန်ဆောင်မှုများပေးရန်လိုအပ်ပြီး ဝေဖန်အကြံပြုစာရေးသားသည့် စနစ်ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ဝန်ကြီးချုပ်ကပြောသည်။
ငွေဆောင်ကမ်းခြေသို့ ၂ဝ၂၂ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ (၁ဝ)လတာကာလအတွင်း ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည် (၂၁ဝဝဝဝ)ခန့်ဝင်ရောက်ခဲ့ကြောင်း ခရီးသွားဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
zawgyi version
ဧရာဝတီတိုင္းရွိ ေမြးျမဴေရးလုပ္ငန္းမ်ားႏွင့္ ဆင္စခန္းမ်ားကို ခရီးသြားဧည့္သည္မ်ား သြားေရာက္ေလ့လာ လည္ပတ္ႏိုင္ေရး ေဆာင္႐ြက္ရမည္ဟု တိုင္းဝန္ႀကီးခ်ဳပ္ေျပာ
NP News - ေဖေဖာ္ဝါရီ ၂၂
ဧရာဝတီတိုင္းအတြင္းရွိ ေမြးျမဴေရးလုပ္ငန္းမ်ားႏွင့္ ဆင္စခန္းမ်ားကိုလည္း ခရီးသြားဧည့္သည္မ်ားအေနျဖင့္ စိတ္ပါဝင္စား၍ သြားေရာက္ေလ့လာ လည္ပတ္ႏိုင္ေရး ေဆာင္႐ြက္ရမည္ဟု ဧရာဝတီတိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ဦးတင္ေမာင္ဝင္းက ေျပာၾကားသည္။
ဧရာဝတီတိုင္းေဒသႀကီး အစိုးရအဖြဲ႕ဝန္ႀကီးခ်ဳပ္ ဦးတင္ေမာင္ဝင္းက ေဖေဖာ္ဝါရီလ ၂၁ ရက္၌ ေငြေဆာင္ၿမိဳ႕ ဌာနဆိုင္ရာမ်ားႏွင့္ေတြ႕ဆုံရာတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္က “ကမ္းေျခခရီးသြားလုပ္ငန္း ဖြံၿဖိဳးတိုးတက္ေရးအတြက္နဲ႔ ခရီးသြားဧည့္သည္ေတြကို ဆြဲေဆာင္ဖို႔အတြက္ ေဒသမွာရွိတဲ့ ေမြးျမဴေရးလုပ္ငန္းေတြနဲ႔ ဆင္စခန္းေတြကိုလည္း ခရီးသြားဧည့္သည္ေတြ သြားေရာက္ေလ့လာလည္ပတ္ႏိုင္ေရး ေဆာင္႐ြက္ရမွာျဖစ္ပါတယ္။ လမ္းပန္းဆက္သြယ္ ေရး ေကာင္းမြန္ေစဖို႔အတြက္လည္း ေဆာင္႐ြက္ေပးလ်က္ရွိပါတယ္” ဟု ေျပာသည္။
ဧရာဝတီတိုင္းေဒသႀကီးသည္ သဘာဝကေပးသည့္ ကမ္းေျခေဒသမ်ားႏွင့္ ခရီးသြားလုပ္ငန္းမ်ားလည္း ဖြံၿဖိဳးတိုးတက္ၿပီး ျပည္တြင္းျပည္ပခရီးသြားမ်ား အမ်ားဆုံးလာေရာက္လည္ပတ္သည့္ တိုင္းေဒသႀကီးလည္းျဖစ္သည္။
ခရီးသြားမ်ားအား တည္းခိုခႏွင့္ ညီမွ်သည့္ ဝန္ေဆာင္မႈမ်ားေပးရန္လိုအပ္ၿပီး ေဝဖန္အႀကံျပဳစာေရးသားသည့္ စနစ္ကိုလည္း အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ၾကရန္လိုအပ္ေၾကာင္း ဝန္ႀကီးခ်ဳပ္ကေျပာသည္။
ေငြေဆာင္ကမ္းေျခသို႔ ၂ဝ၂၂ ခုႏွစ္ ဇန္နဝါရီလမွ ေအာက္တိုဘာလအထိ (၁ဝ)လတာကာလအတြင္း ျပည္တြင္း၊ ျပည္ပခရီးသြားဧည့္သည္ (၂၁ဝဝဝဝ)ခန႔္ဝင္ေရာက္ခဲ့ေၾကာင္း ခရီးသြားဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံကူးလက်မှတ်များကို ပြန်လည် လျှောက်ထားနိုင်တော့မည်
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း