အသေခံဗုံးခွဲတိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည့် အကြမ်းဖက်အဖွဲ့ဝင်နှစ်ဦးမှာ ဆီးရီးယားတွင် လေ့ကျင်မှုများ လုပ်ဆောင်ခဲ့သူများဖြစ်ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီး ပြော
Pika (NSS) - အောက်တိုဘာ ၅
ပြီးခဲ့သည့်ရက်ပိုင်းက တူရကီနိုင်ငံ အန်ကာရာမြို့တွင် ဖြစ်ပွားခဲ့သော အသေခံဗုံးခွဲတိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့သော ကာဒစ်အကြမ်းဖက်အဖွဲ့ဝင်ဟုယူဆရသူနှစ်ဦးမှာ ဆီးရီးယားနိုင်ငံတွင် လေ့ကျင့်သင်ကြားမှုများကို လုပ်ဆောင်ခဲ့ပုံပေါ်ကြောင်း တူရကီအစိုးရက ပြောကြားခဲ့သည်။
အောက်တိုဘာလ(၁)ရက်က ဖြစ်ပွားခဲ့သော အသေခံဗုံးခွဲတိုက်ခိုက်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် ဆီးရီးယား နှင့် အီရတ်ရှိ ကာဒစ်အကြမ်းဖက်အဖွဲ့၏ နေရာများကို ပြန်လည်တိုက်ခိုက်ပိုင်ခွင့်ရှိကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီး Hakan Fidan က ပြောကြားခဲ့သည်။
ပြည်ထဲရေးဝန်ကြီးဌာန ရုံးချုပ်အပြင်ဖက်တွင် ဖြစ်ပွားခဲ့သော အသေခံဗုံးခွဲတိုက်ခိုက်မှုအတွင်း တစ်ဦးမှာ ရဲတပ်ဖွဲ့၏ ပစ်သတ်ခြင်းကိုခံခဲ့ရပြီး အခြားတစ်ဦးမှာ ဗုံးပေါက်ကွဲမှုအတွင်း သေဆုံးသွားကြောင်း တူရီကရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
အဆိုပါဖြစ်ရပ်အတွင်း ရဲတပ်ဖွဲ့ဝင်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ Hakan Fidan က "ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုအရ အဲဒီအကြမ်းဖက်နှစ်ဦးဟာ ဆီးရီးယားက လာတာဖြစ်ပြီး ဆီးရီးယားမှာပဲ လေ့ကျင့် သင်ကြား ခဲ့ပုံ ပေါ်ပါတယ်။ ဒီအချိန်ကနေစပြီး ဆီးရီးယားနဲ့ အီရတ်မှာရှိတဲ့ ကာဒစ်လက်ကိုင်အဖွဲ့ရဲ့ အခြေခံအဆောက်အဦး တွေ၊ ကြီးမားတဲ့အဆောက်အဦးတွေနဲ့ စွမ်းအင်အဆောက်အဦးတွေအားလုံးက ကျွန်တော်တို့ ပစ်မှတ်ပဲ ဖြစ်ပါတယ်" ဟု ပြောခဲ့သည်။
သို့သော်လည်း အန်ကာရာမြို့တွင်ဖြစ်ပွားခဲ့သော အသေခံဗုံးခွဲတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ၎င်းတို့တွင် တာဝန်မရှိကြောင်း ကာဒစ်လက်နက်ကိုင်အဖွဲ့က ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဇနီးဖြစ်သူ၏ လိင်အင်္ဂါထဲသို့ ဗြောက်အိုးထိုးထည့်ခဲ့သည့် ယူကရိန်းနိုင်ငံသားကို ဖမ်းဆီးခဲ့ကြောင်း ချက်ရဲတပ်ဖွဲ့ပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း