(၄)ရက်ကြာပျောက်ဆုံးနေသော ကလေးငယ်အား သေဆုံးလျက်ပြန်လည်တွေ့ရှိ
Pearl (NP News) - ဖေဖော်ဝါရီ ၂၂
မကွေးတိုင်း၊ ပခုက္ကူမြို့တွင် (၄)ရက်ကြာပျောက်ဆုံးနေသော ကလေးငယ်အား သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ကြောင်း ပုညမုဒိတာ လူမှုကူညီရေးအသင်းထံမှ သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၈)ရက်က ပခုက္ကူမြို့ရှိ New Day ဆီဆိုင်တွင် ဆီလာချပြီးနောက် အဆိုပါ ဆီဆိုင်၌ မိသားစုနှင့်အတူအိပ်နေစဉ် ကလေးငယ်ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"New Dayဆီဆိုင်မှာ ဆီလာချရင်း အဲဒီဆီဆိုင်မှာအိပ်တာပေါ့။ ဆီချပြီးရင် ပုဂံ၊ ညောင်ဦးဘက် ဘုရားဖူးထွက်မယ်ထင်တယ် မိသားစုလိုက်လာကြတာပါ။ သူတို့ အဲဒီဆီဆိုင်မှာအိပ်ကြတာ မနက်(၄)နာရီလောက်မှ ကလေးပျောက်တာသိတာပေါ့နော်။ အဲဒီလိုပျောက်ပြီး ဒီနေ့မနက် (၈)နာရီလောက်က ဆီဆိုင်အရှေ့နားက ကန်ထဲမှာ သေဆုံးလျက်ပြန်ပေါ်လာတယ် အကြောင်းကြားလို့သွား ကူညီပေးခဲ့ပြီး ဒေသခံနိဗ္ဗာန်ယာဉ်နဲ့ ရင်ခွဲရုံကို ပို့ပေးလိုက်တာပါ" ဟု လူမှုကူညီရေး အသင်း၏ တာဝန်ရှိသူတစ်ဦးက ယနေ့ (ဖေဖော်ဝါရီလ ၂၂ ရက်)တွင် NP News ကို အတည်ပြုပြောကြားခဲ့သည်။
သေဆုံးသွားသောကလေးသည် အသက် (၆)နှစ်နှင့် (၁)လ အရွယ်ဖြစ်ပြီး ပဲခူးမြို့တွင်နေထိုင်ကြောင်းလည်း သိရသည်။
zawgyi version
(၄)ရက္ၾကာေပ်ာက္ဆုံးေနေသာ ကေလးငယ္အား ေသဆုံးလ်က္ျပန္လည္ေတြ႕ရွိ
Pearl (NP News) - ေဖေဖာ္ဝါရီ ၂၂
မေကြးတိုင္း၊ ပခုကၠဴၿမိဳ႕တြင္ (၄)ရက္ၾကာေပ်ာက္ဆုံးေနေသာ ကေလးငယ္အား ေသဆုံးလ်က္ျပန္လည္ေတြ႕ရွိခဲ့ေၾကာင္း ပုညမုဒိတာ လူမႈကူညီေရးအသင္းထံမွ သိရသည္။
ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ (၁၈)ရက္က ပခုကၠဴၿမိဳ႕ရွိ New Day ဆီဆိုင္တြင္ ဆီလာခ်ၿပီးေနာက္ အဆိုပါ ဆီဆိုင္၌ မိသားစုႏွင့္အတူအိပ္ေနစဥ္ ကေလးငယ္ေပ်ာက္ဆုံးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
"New Dayဆီဆိုင္မွာ ဆီလာခ်ရင္း အဲဒီဆီဆိုင္မွာအိပ္တာေပါ့။ ဆီခ်ၿပီးရင္ ပုဂံ၊ ေညာင္ဦးဘက္ ဘုရားဖူးထြက္မယ္ထင္တယ္ မိသားစုလိုက္လာၾကတာပါ။ သူတို႔ အဲဒီဆီဆိုင္မွာအိပ္ၾကတာ မနက္(၄)နာရီေလာက္မွ ကေလးေပ်ာက္တာသိတာေပါ့ေနာ္။ အဲဒီလိုေပ်ာက္ၿပီး ဒီေန႔မနက္ (၈)နာရီေလာက္က ဆီဆိုင္အေရွ႕နားက ကန္ထဲမွာ ေသဆုံးလ်က္ျပန္ေပၚလာတယ္ အေၾကာင္းၾကားလို႔သြား ကူညီေပးခဲ့ၿပီး ေဒသခံနိဗၺာန္ယာဥ္နဲ႔ ရင္ခြဲ႐ုံကို ပို႔ေပးလိုက္တာပါ" ဟု လူမႈကူညီေရး အသင္း၏ တာဝန္ရွိသူတစ္ဦးက ယေန႔ (ေဖေဖာ္ဝါရီလ ၂၂ ရက္)တြင္ NP News ကို အတည္ျပဳေျပာၾကားခဲ့သည္။
ေသဆုံးသြားေသာကေလးသည္ အသက္ (၆)ႏွစ္ႏွင့္ (၁)လ အ႐ြယ္ျဖစ္ၿပီး ပဲခူးၿမိဳ႕တြင္ေနထိုင္ေၾကာင္းလည္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆန်ဈေးနှုန်းမြင့်တက်လာမှုကြောင့် အခြေခံပြည်သူများအတွက် ဆန်တစ်အိတ် တစ်သောင်းကျပ်ဖြင့် ရောင်းချပေးမည်ဟု MRF ကြေညာ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း