ကျောက်တံခါးမြို့နယ်ရှိ သံကူကွန်ကရစ်တံတားတစ်ခုအား အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး
Pearl (NP News) - ဖေဖော်ဝါရီ ၂၂
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ရှိ သံကူကွန်ကရစ်တံတားတစ်ခုအား အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
ထိုတံတားသည် ကျောက်တံခါးမြို့နယ်၊ ခင်ကြီးကျေးရွာအနီး ရန်ကုန် - မန္တလေးကားလမ်း(လမ်းဟောင်း) မိုင်တိုင်အမှတ် (၁ဝ၄) မိုင်နှင့် (၁ဝ၄)မိုင် (၁)ဖာလုံကြားရှိ "ကျီးရိုး" ရိုးချောင်းတံတား အမှတ် (၁/၁ဝ၅)ဖြစ်ပြီး အလျား ၃၅ပေ ၊ အနံ ၆ဝပေ၊ အမြင့် ၄၈ပေ၊ ယာဉ်သွား ကတ္တရာလမ်းအကျယ် (၄၈)ပေခန့်ရှိသော သံကူကွန်ကရစ်တံတားဖြစ်ကြောင်းသိရသည်။
အဆိုပါတံတားအား ဖေဖော်ဝါရီလ (၂ဝ)ရက် ၊ မွန်းလွဲ (၂)နာရီခွဲအချိန်ခန့်တွင် အကြမ်းဖက်သမားများကမိုင်းထောင်ဖောက်ခွဲဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ မိုင်းထောင်ဖောက်ခွဲမှုကြောင့် တံတား၏ ဝဲယာ လက်ရန်း (၂)ခုမှ စ၍ တံတားကြမ်းခင်းရှိ အနံ(၅) ပေခန့်စီမှာ အလျားအတိုင်းကွဲအက်ပြိုကျပျက်စီးသွားပြီး တံတားထိပ်နှစ်ဖက်ရှိ ချဉ်းကပ်လမ်းအစပ် တစ် လျှောက် တစ်လက်မခန့်ကွာဟခဲ့ကြောင်း နစကမှ ဆိုသည်။
လက်ရှိတွင် ပျက်စီးသွားသည့် တံတားအား တာဝန်ရှိသူများမှ ပြန်လည်ပြင်ဆင်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး အဆိုပါဖြစ်စဉ်ကို ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရန် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
zawgyi version
ေက်ာက္တံခါးၿမိဳ႕နယ္ရွိ သံကူကြန္ကရစ္တံတားတစ္ခုအား အၾကမ္းဖက္သမားမ်ားက မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီး
Pearl (NP News) - ေဖေဖာ္ဝါရီ ၂၂
ပဲခူးတိုင္း၊ ေက်ာက္တံခါးၿမိဳ႕နယ္ရွိ သံကူကြန္ကရစ္တံတားတစ္ခုအား အၾကမ္းဖက္သမားမ်ားက မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီးခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။
ထိုတံတားသည္ ေက်ာက္တံခါးၿမိဳ႕နယ္၊ ခင္ႀကီးေက်း႐ြာအနီး ရန္ကုန္ - မႏၲေလးကားလမ္း(လမ္းေဟာင္း) မိုင္တိုင္အမွတ္ (၁ဝ၄) မိုင္ႏွင့္ (၁ဝ၄)မိုင္ (၁)ဖာလုံၾကားရွိ "က်ီး႐ိုး" ႐ိုးေခ်ာင္းတံတား အမွတ္ (၁/၁ဝ၅)ျဖစ္ၿပီး အလ်ား ၃၅ေပ ၊ အနံ ၆ဝေပ၊ အျမင့္ ၄၈ေပ၊ ယာဥ္သြား ကတၱရာလမ္းအက်ယ္ (၄၈)ေပခန႔္ရွိေသာ သံကူကြန္ကရစ္တံတားျဖစ္ေၾကာင္းသိရသည္။
အဆိုပါတံတားအား ေဖေဖာ္ဝါရီလ (၂ဝ)ရက္ ၊ မြန္းလြဲ (၂)နာရီခြဲအခ်ိန္ခန႔္တြင္ အၾကမ္းဖက္သမားမ်ားကမိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီးသြားခဲ့ေၾကာင္း သိရသည္။
ထိုသို႔ မိုင္းေထာင္ေဖာက္ခြဲမႈေၾကာင့္ တံတား၏ ဝဲယာ လက္ရန္း (၂)ခုမွ စ၍ တံတားၾကမ္းခင္းရွိ အနံ(၅) ေပခန႔္စီမွာ အလ်ားအတိုင္းကြဲအက္ၿပိဳက်ပ်က္စီးသြားၿပီး တံတားထိပ္ႏွစ္ဖက္ရွိ ခ်ဥ္းကပ္လမ္းအစပ္ တစ္ ေလွ်ာက္ တစ္လက္မခန႔္ကြာဟခဲ့ေၾကာင္း နစကမွ ဆိုသည္။
လက္ရွိတြင္ ပ်က္စီးသြားသည့္ တံတားအား တာဝန္ရွိသူမ်ားမွ ျပန္လည္ျပင္ဆင္ႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိၿပီး အဆိုပါျဖစ္စဥ္ကို က်ဴးလြန္သူမ်ားအား ဥပေဒႏွင့္အညီ ထိေရာက္စြာ အေရးယူႏိုင္ရန္ ဆက္လက္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အခေါက်ရွှေတစ်ကျပ်သားလျှင် (၂၈)သိန်းနီးပါး ဈေးနှုန်းဖြင့် ရောင်းချပေးရန် ရွှေဆိုင်နှင့်ရွှေကုန်သည်များကို YGEA မေတ္တာရပ်ခံ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း