အဆောက်အဦးဆောက်လုပ်ရန်အုတ်မြစ်ချနေစဉ် မြေပြိုကျမှုကြောင့် အမျိုးသား (၂)ဦး ဒဏ်ရာရ
Pearl (NP News) - ဖေဖော်ဝါရီ ၂၂
ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်တွင် အဆောက်အဦးဆောက်လုပ်ရန် အုတ်မြစ်ချနေစဉ် မြေပြိုကျမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (ဖေဖော်ဝါရီလ ၂၂ရက်)၊ နံနက် (၉)နာရီ၊ (၂၅)မိနစ်အချိန်ခန့်တွင် ခရမ်းမြို့နယ်၊ (၁၂)ရပ် ကွက်၊ ဦးညီလှလမ်းတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်းသိရသည်။
ထို့ကြောင့် ခရမ်းမြို့နယ်မီးသတ်စခန်းမှ ယာဉ်(၁)စီးဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး အမျိုးသား(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါထိခိုက်ဒဏ်ရာရသူများမှာ စိုးရိမ်ဖွယ်ရာ အခြေအနေမဟုတ်ကြောင်းသိရပြီး လက်ရှိတွင် ၎င်းတို့အား ခရမ်းကြက်ခြေနီအသင်းမှယာဉ်ဖြင့် ခရမ်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
zawgyi version
အေဆာက္အဦးေဆာက္လုပ္ရန္အုတ္ျမစ္ခ်ေနစဥ္ ေျမၿပိဳက်မႈေၾကာင့္ အမ်ိဳးသား (၂)ဦး ဒဏ္ရာရ
Pearl (NP News) - ေဖေဖာ္ဝါရီ ၂၂
ရန္ကုန္တိုင္း၊ ခရမ္းၿမိဳ႕နယ္တြင္ အေဆာက္အဦးေဆာက္လုပ္ရန္ အုတ္ျမစ္ခ်ေနစဥ္ ေျမၿပိဳက်မႈျဖစ္ပြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံ မီးသတ္တပ္ဖြဲ႕ထံမွ သိရသည္။
ျဖစ္စဥ္မွာ ယေန႔ (ေဖေဖာ္ဝါရီလ ၂၂ရက္)၊ နံနက္ (၉)နာရီ၊ (၂၅)မိနစ္အခ်ိန္ခန႔္တြင္ ခရမ္းၿမိဳ႕နယ္၊ (၁၂)ရပ္ ကြက္၊ ဦးညီလွလမ္းတြင္ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ေၾကာင္းသိရသည္။
ထို႔ေၾကာင့္ ခရမ္းၿမိဳ႕နယ္မီးသတ္စခန္းမွ ယာဥ္(၁)စီးျဖင့္ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ားေဆာင္႐ြက္ခဲ့ၿပီး အမ်ိဳးသား(၂)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
အဆိုပါထိခိုက္ဒဏ္ရာရသူမ်ားမွာ စိုးရိမ္ဖြယ္ရာ အေျခအေနမဟုတ္ေၾကာင္းသိရၿပီး လက္ရွိတြင္ ၎တို႔အား ခရမ္းၾကက္ေျခနီအသင္းမွယာဥ္ျဖင့္ ခရမ္းၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း မီးသတ္တပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
“ကန်ပိုက်တီ”မြို့အား “ကံပိုင်တည်” မြို့အဖြစ် အမည်ပြောင်းလဲ
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း