မြဝတီမြို့၌ KBZ ဘဏ်မန်နေဂျာတစ်ဦးသေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရ
NSS - အောက်တိုဘာ ၃
မြဝတီမြို့၌ KBZ ဘဏ်မန်နေဂျာတစ်ဦး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (အောက်တိုဘာလ ၂ ရက်)၊ ညနေ(၃)နာရီအချိန်ခန့်တွင် ကရင်ပြည် နယ်၊ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်တွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
KBZ ဘဏ်(၁)၏ အကြီးတန်းမန်နေဂျာဖြစ်သူ ဦးတင်မောင်အေး(၄၃)နှစ်သည် ဆိုင်ကယ်မောင်းနှင်လာစဉ် အမှတ်(၄)ရပ်ကွက်၊ မေတ္တာ(၂)လမ်းအရောက်တွင် ၎င်းအနောက်မှ ဆိုင်ကယ်မောင်းနှင်လာသော အမျိုးသား (၂) ဦးက သေနတ်ဖြင့်ပစ်ခတ်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
"ဘာကြောင့်အပစ်ခံရလဲတော့မသိဘူး။ အနောက်ကနေ သေနတ်နဲ့ပစ်သွားတာလို့ကြားတယ်။ ဦးခေါင်းပိုင်း ကျည်ထိမှန်ဒဏ်ရာ (၃)ချက်ရတယ်။ ပစ်သွားတာက နားထင်နေရာကိုပဲ ပစ်သွားတာ။ သူက KBZ ဘဏ် ၊ ဘဏ်(၁)ရဲ့ မန်နေဂျာ။ မြဝတီမှာက KBZ ဘဏ်က ဘဏ် (၁)၊ (၂)၊ (၃)ရှိတယ်" ဟု ဒေသခံတစ်ဦးက NSS ကိုပြောသည်။
ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဦးတင်မောင်အေးတွင် ဦးခေါင်း၌ ကျည်ထိမှန်ဒဏ်ရာ (၃)ချက်ရရှိခဲ့ပြီး ဆေးရုံအရောက်၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့် ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထာဝရငြိမ်းချမ်းရေးအတွက် နိုင်ငံတော်၊ တပ်မတော်အနေဖြင့် ပွင့်လင်းမြင်သာစွာ ဆွေးနွေးနိုင်ရေး ဖိတ်ခေါ်လျက်ရှိဟု ဒုတပ်ချုပ် အသိပေး
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
22 Nov 2024 | မှုခင်း,ပြည်တွင်း